ပြီးခဲ့တဲ့ Google I/O 2022 ပွဲတုန်းက Google ဟာ အခြားသောထုတ်ကုန်တွေနဲ့အတူ မျှော်လင့်ထားတာထက် စောပြီးတော့ Pixel 7 အကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ Device ရဲ့ Specifications တွေကို မသိရသေးဘူးဆိုပေမဲ့ မျက်နှာပြင်နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကတော့ ထွက်ပေါ်နေပြီပဲ ဖြစ်ပါတယ်။

အထူးသဖြင့်တော့ Google က သူ့ရဲ့ Pixel 6 Pro မှာ အသုံးပြုခဲ့တဲ့ Samsung S6E3HC3 OLED display ဟောင်းကိုပဲ Pixel 7 Pro မှာ အသုံးပြုလာမယ်ဆိုတဲ့ ကနဦးသတင်းပါပဲ။ ဒါပေမဲ့ နောက်ထပ်ထွက်လာတဲ့သတင်းမှာ တော့ Samsung S6E3HC4 display ကို Pixel 7 Pro မှာသုံးလာနိုင်တယ်လို့ ဖော်ပြပြန်ပါတယ်။

Samsung S6E3HC4 မျက်နှာပြင်အသစ်ဟာ ပြီးခဲ့တဲ့နှစ် Pixel 6 Pro လိုမျိုး တူညီတဲ့ 3,120 x 1,440 resolution ကို ဆက်ပြီးထိန်းသိမ်းထားမယ်ဆိုပေမဲ့ အပြောင်းအလဲအနည်းငယ်တော့ ရှိနေပါတယ်။ Google Source page အရ Samsung ဟာ Pixel 7 Pro အတွက် Display pane တွေကို ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

Samsung S6E3HC4 Panel ဟာ Manual brightness mode ဖွင့်ထားမယ်ဆိုရင် Pixel 7 Pro ကို 800 nits ကနေ 1,000 nits အထိ မြှင့်တင်ပေးမယ်လို့ သိရပါတယ်။ Mishaal Rehman ကတော့ ဒီအချက်အလက်တွေကို ချိုးဖျက်ပြီး HBM value ဟာ 100% APL ကို ကိုယ်စားပြုတာကြောင့် ဒါဟာ Pixel 7 Pro ကို Lower APL value မှာ 1,200 nits ကို ရရှိစေနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: sammobile