Google Pixel 7a ကို မေလ ၁၀ ရက်နေ့ Google I/O 2023 မှာ  ကြေညာမှာ ဖြစ်ပြီး ဒီလ အစောပိုင်းက အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေ ပေါက်ကြားခဲ့ပါတယ်။ အခုတော့ Evan Blass က Pixel 7a ရဲ့ အရောင်အသစ် မော်ဒယ်ကို တွစ်တာမှာ မျှဝေလိုက်ပါတယ်။

Google Pixel 7a appears in a new color ahead of expected launch

Blass က အဲဒီ အရောင်အသစ်ရဲ့ အမည်ကို မပြောပေမယ့် Google က အမည်ဆန်းဆန်းပေးထားနိုင်ပါတယ်။

Google က Pixel 7a ကို ကြေညာမယ့်နေ့နဲ့ လုပ်ဆောင်ချက်တွေကို မပြောသေးပါဘူး။ ဒါပေမယ့် မကြာခင်က ပေါက်ကြားခဲ့တဲ့ သတင်းအရ Pixel 7a မှာ Google ရဲ့ Tensor G2 နဲ့ Titan M2 Chip ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 90Hz မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး ပင်မ ကင်မရာ အနေနဲ့ 64MP ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Wireless Charging ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Google Pixel 7a ကို ဒေါ်လာ ၄၉၉ နဲ့ ရောင်းချမယ်လို့ သတင်းထွက်နေပြီး မိတ်ဆက်ပြီးတာနဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena