Google ရဲ့ A Series ဖုန်းတွေဟာ ပေးရတဲ့ ဈေးထက် တန်တဲ့အတွက် လူကြိုက်များပါတယ်။ အခုတော့ Google I/O Conference မှာ Google က Pixel 7a ကို ကြေညာလိုက်ပြီး Pixel 7 , 7 Pro တို့မှာ ပါတဲ့ Tensor G2 Chip ထည့်သွင်းထားပါတယ်။

Google unveils Pixel 7a with Tensor G2, 90Hz display and 64MP camera

Pixel 7a ဟာ စွမ်းရည်သင့် ဖုန်း ဖြစ်ပြီး ဒီဇိုင်းက Pixel 7 နဲ့ တူညီကာ အလူမီနီယမ် ကာဗာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်က ပြားချပ်ပြီး ဘေးဘောင်တွေက အနည်းငယ်ထူပါတယ်။

Specs အကြောင်းပြောရရင် 6.1 inch FHD+OLED မျက်နှာပြင် တပ်ဆင်ထားပြီး Refresh Rate က 60Hz ကနေ 90Hz တိုးလာပါတယ်။ 18W Wired Charging ပါတဲ့ 4,386mAh Battery ပါလာပြီး IP67 ရေစိုခံစံနှုန်း ထည့်ထားပါတယ်။ ကောင်းတဲ့အချက်က Wireless Charging ပါလာတာပါ။

Google-Pixel-7a-Featured

Google က ကင်မရာတွေကို အဆင့်မြှင့်ထားပြီး အနောက်ဘက်မှာ 64MP Main , 13MP Ultrawide နဲ့ အရှေ့ဘက်မှာ 13MP ကင်မရာတွေ တပ်ဆင်ထားပါတယ်။ အဲဒီ ကင်မရာတွေဟာ Super Res Zoom (8x အထိ) ထောက်ပံ့ပြီး အသားအရေ အရောင်အတွက် Real Tone ပါပါတယ်။

Google Pixel 7a ကို အမေရိကန်မှာ ၄၉၉ ဒေါ်လာ သတ်မှတ်ထားပြီး Sea, Charcoal နဲ့ White အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref: gizmochina