Google ဟာ လာမယ့် မေလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားမယ့် Google I/O Event မှာ Google Pixel 7a ဖုန်းအပြင် ပထမဆုံး Foldable ဖုန်းဖြစ်လာမယ့် Google Pixel Fold ကိုပါ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး မိတ်ဆက်ဖို့အချိန်လိုသေးပေမယ့်လည်း Google Pixel 7a ဟာ ဆက်တိုက်ကို သတင်းတွေပေါက်ကြားနေခဲ့ပါတယ်။

အခုလည်း Google Pixel 7a ဖုန်းရဲ့ အတွင်းပိုင်းကို Teardown ပြုလုပ်ထားတဲ့ Video က ထပ်မံပေါက်ကြားလာပြီဖြစ်ပါတယ်။ အဆိုပါ Pixel 7a Teardown Video ကို PBKreviews အမည်ရတဲ့ YouTube Channel ကနေ တင်ထားခဲ့တာပါ။

အခု Teardown Video အရ Google Pixel 7a ဟာ နောက်ကျောဘက် Back Panel ကို ပလတ်စတစ်ကိုပဲ အသုံးပြုထားပြီး အတွင်းပိုင်းမှာ Wireless Charging Coil ၊​ NFC Antenna နဲ့ Camera Setup တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ယခင် Pixel A Series ဖုန်းတွေဟာ Wireless Charging ပါဝင်ခြင်းမရှိတာကြောင့် အခု Pixel 7a ဖုန်းဟာ Wireless Charging ပါဝင်တဲ့ ပထမဆုံး Pixel A Series ဖုန်းဖြစ်လာမှာပါ။

Battery ပိုင်းအတွက် 4385mAh Battery ကိုပဲ ထည့်သွင်းပေးထားပြီး Fingerprint Sensor ကိုလည်း Under Display အနေနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ Dual Camer Setup ပါဝင်လာမယ့်အပြင် Thermal ပိုင်းအတွက်လည်း Copper Film တွေ၊ Graphite Film တွေကို ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။

PBKreviews က Google Pixel 7a ဖုန်းကို ပြန်လည်ပြင်ဆင်နိုင်မှုပိုင်းမှာ 7.5 out of 10 ပေးထားခဲ့ပြီး အစိတ်အပိုင်းအတော်များများကို အလွယ်တကူပြန်လည်ပြင်ဆင်နိုင်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Ref – Gimzo China