Apple ကနေ iPhone 15 Series ကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ တရားဝင်မိတ်ဆက်ဖို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။ အခုလည်း Apple အပြီးမှာ Google ကနေ Pixel 8 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ထပ်မံကြေညာလိုက်ပါတယ်။

Google ရဲ့ ကြေညာချက်အရ Pixel 8 Series ဖုန်းတွေဟာ လာမယ့်အောင်တိုဘာလ ၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ “Made by Google” Event မှာ Pixel 8 အပြင် Pixel 8 Pro ဖုန်းတွေ မိတ်ဆက်ဖို့က သေချာနေပြီး Google Pixel Watch ကိုပါ Second Generation အနေနဲ့ မိတ်ဆက်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Google ရဲ့ Support Website မှာ Google Pixel 8 Pro ဖုန်းရဲ့ ဓါတ်ပုံကို မှားယွင်းပြီး တင်ထားခဲ့ပြီး အဲ့ဒီအရှေ့ပိုင်းမှာလည်း Pixel 8 ဖုန်းမှာပါဝင်လာမယ့် Magic Audio Eraser Feature Video က ပေါက်ကြားခဲ့ပါသေးတယ်။ ဒီလိုမျိုး Leak သတင်းတွေဆက်တိုက်ပေါက်ကြားနေတာကြောင့် Google အနေနဲ့ Launch Event ကို အစောကြီး ကြိုတင်ကြေညာလိုက်တာလည်းဖြစ်နိုင်ပါတယ်။

Google Pixel 8 ဖုန်းဟာ ယခင် Pixel 7 ထက် အနည်းငယ်ပိုသေးငယ်မှာဖြစ်ပြီး 6.17″ Display ကိုမှ Full HD+ Resolution ၊ 120Hz Refresh Rate နဲ့ Maximum 1400nits Brightness ပါဝင်မှာဖြစ်ပါတယ်။ Pixel 8 Pro ဖုန်းကတော့ ပိုကြီးမားတဲ့ 6.7″ QHD+ Display ကိုမှ Maximum 1600nits Brightness ရရှိမှာဖြစ်ပါတယ်။ Pixel 8 Series ဖုန်းတွေဟာ Google ရဲ့ ကိုယ်ပိုင် Tensor G3 Chipset ကို အသုံးပြုမှာဖြစ်ပြီး အမြင့်ဆုံး 12GB RAM နဲ့ 512GB Storage တွေပါဝင်မယ်လို့ သိရပါတယ်။

Ref – Gizmo China