Google ကနေ မကြာသေးခင်တုန်းကမှ Pixel 7a ဖုန်းကို စျေးကွက်အတွင်းမှာ မိတ်ဆက်ရောင်းချနေတာဖြစ်ပါတယ်။ အဆိုပါ Pixel 7a ဖုန်းဟာ Mid Range ဖုန်းတစ်လုံးဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကြမှ Pixel 8 Flagship Series ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

အခုလည်း Google Pixel 8 Pro ဖုန်းရဲ့ Feature တစ်ခုက ပေါက်ကြားလာခဲ့ပြီး တော်တော်လေးကို ထူးခြားပါတယ်။ အဲ့ဒါကတော့ Google Pixel 8 Pro ဖုန်းရဲ့ Camera Sensor ဘေးမှာ Infrared Thermometer ပါဝင်လာတာပဲဖြစ်ပါတယ်။

အဆိုပါ Infrared Thermometer ဟာ ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေအရ ခန္ဓာကိုယ်အပူချိန်တိုင်းတာဖို့အတွက် အသုံးပြုနိုင်မှာဖြစ်ပြီး ပုံမှန် ဆေးဆိုင်တွေမှာ ရောင်းချတဲ့ Contactless Thermometer တွေပုံစံအတိုင်း အလုပ်လုပ်မှာဖြစ်ပါတယ်​။ ဒါကြောင့် ကိုယ်အပူချိန်တိုင်းတာဖို့အတွက် Pixel 8 Pro ဖုန်းကို နဖူးရှေ့မှာ အချိန် ၅ စက္ကန့်ခန့်ထားပြီး တိုင်းတာရမှာပါ။

ဒီလိုမျိုး Thermometer Feature ပါဝင်လာတာက စမတ််ဖုန်းတစ်လုံးအနေနဲ့ ထူးခြားနေပြီး တခြား Flagship ဖုန်းတွေမှာပါဝင်ခြင်းမရှိတာကြောင့် Google အနေနဲ့ ဘယ်လိုမျိုး ရည်ရွယ်ပြီး ထည့်သွင်းထားသလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ Thermometer Feature ဟာ Pixel 8 Pro မှာပဲ ပါဝင်မှာဖြစ်ပြီး သာမန် Pixel 8 ဖုန်းမှာတော့ ပါဝင်မှာမဟုတ်ပါဘူး။ Google Pixel 8 Series ဖုန်းတွေဟာ လာမယ့် အောက်တိုဘာလအတွင်းမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena