အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေဟာ စွမ်းဆောင်ရည်ပိုင်း ပိုကောင်းမွန်လာတာနဲ့အတူ Display Screen Size ကလည်း ပိုပြီး ကြီးမားလာကြပါတယ်။ ဒါကြောင့် လောလောဆယ်မှာ Screen Size သေးသေးနဲ့ လက်တစ်ဖက်တည်း ကိုင်သုံးနိုင်တဲ့ Compact Flagship ဖုန်းတွေက ပိုရှားပါးလာပါတယ်။

ဒါပေမယ့် အခုနောက်ဆုံးသိရှိရတဲ့သတင်းအရ Google ဟာ လာမယ့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမယ့် Pixel 8 ဖုန်းကို ပိုမိုသေးငယ်တဲ့ Display Panel ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ ယခုသတင်းကို Display Industry Analyst တစ်ဦးဖြစ်တဲ့ Ross Young ကနေ ပြောကြားခဲ့တာကြောင့် တိကျတယ်လို့ ပြောနိုင်ပါတယ်။

Ross Young ရဲ့ ပြောကြားချက်အရ Google Pixel 8 ဖုန်းဟာ 6.16″ Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။​ ဒီ Screen Size ဟာ လက်ရှိ Flagship ဖုန်းတွေထက် ပိုသေးငယ်ပြီး Samsung Galaxy S23 ၊ Apple iPhone 14 တို့နဲ့ အရွယ်အစားဆင်တူမှာဖြစ်ပါတယ်။ ဒါပေမယ့် Google Pixel 8 Pro ဖုန်းမှာတော့ ကြီးမားတဲ့ 6.7″ Display ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Google ဟာ အဆိုပါ Pixel 8 Series ဖုန်းတွေအတွက် Display ကို Samsung ဆီကနေ ဝယ်ယူသွားမှာဖြစ်ပြီး အရည်အသွေးပိုင်းမှာ လက်ရှိ Flagship ဖုန်းတွေနဲ့ တန်းတူယှဥ်ပြိုင်နိုင်မယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Google Tensor G3 Chipset ဟာလည်း Samsung ရဲ့ Exynos Chipset ကို အခြေခံထားမှာဖြစ်တာကြောင့် Pixel 8 ဖုန်းတွေဟာ Samsung ရဲ့ အစိတ်အပိုင်းတွေ အမျာအပြားပါဝင်မှာဖြစ်ပါတယ်။

Ref – Gizmo China