Google ရဲ့ Pixel စမတ်ဖုန်းတွေဟာ Android OS Update တွေကို အစောဆုံးရရှိတဲ့အပြင် ပုံမှန် Monthly Security Patch တွေကိုလည်း အချိန်မှန်ရရှိနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Android OS Feature နဲ့ မသက်ဆိုင်တဲ့ Pixel စမတ်ဖုန်းတွေအတွက် သီးသန့် Feature အသစ်တွေကိုလည်း Google ကနေ “Feature Drops” ဆိုတဲ့နာမည်နဲ့ ပုံမှန် Update တွေထုတ်ပေးနေပါတယ်။
အခုလည်း Google ကနေ မကြာသေးခင်တုန်းကမှ စတင်ရောင်းချတဲ့ Google Pixels Buds 2 အတွက်လည်း အလားတူ Feature Drops အနေနဲ့ Software Update အသစ်တွေကို ရရှိသွားမယ်ဆိုပြီး ကတိပေးလိုက်ပါတယ်။ အဲ့ဒီအတွက် ပုံမှန် Wireless Earbuds တစ်ခုဖြစ်နေပေမယ့်လည်း အချိန်အတိုင်းအတာတစ်ခုအထိ Feature အသစ်တွေကို ဆက်တိုက်ရရှိနေဖို့က ကျိန်းသေသွားပါပြီ။
Google ကတော့ အခုလိုမျိုး Feature Update တွေရရှိမယ်ဆိုတာကို အတည်ပြုပေးခဲ့ပေမယ့် ဘယ်လိုမျိုး Feature တွေပါဝင်လာမယ်ဆိုပြီး ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါတင်မဟုတ်သေးဘဲ ဘယ်အချိန်မှာ Feature အသစ်တွေကို ထုတ်ပေးမလဲဆိုတာကိုလည်း ပြောကြားခြင်းမရှိခဲ့သလို Pixel ဖုန်းတွေရဲ့ Feature Drops နဲ့ အချိန်တူညီမှာမဟုတ်ဘူးဆိုပြီးပဲ ပြောကြားသွားခဲ့ပါတယ်။
Google Pixel Buds 2 ဟာ Wireless Charging ၊ တစ်ခါနားထောင်ရင် ဆက်တိုက် ၅ နာရီနဲ့ Case နဲ့အသုံးပြုမယ်ဆိုရင် ၂၄ နာရီအထိ အသုံးပြုနိုင်မှာဖြစ်သလို ပတ်ဝန်းကျင်အသံဆူညံမှုပေါ်မှုတည်ပြီး အသံအတိုးအကျယ်ပြုလုပ်ပေးနိုင်တဲ့ Adaptive Sound လိုမျိုး Feature တွေပါဝင်မှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Google Pixel Buds 2 ရဲ့ နောက်ပိုင်းမှာ Update တွေမှာပါဝင်လာနိုင်တဲ့ ကလေးငိုသံ၊ ခွေးဟောင်သံနဲ့ အရေးပေါ်ကားသံတွေကို သိရှိပြီး အဆိုပါအသံတွေဘေးနားမှာဖြစ်ပေါ်နေတယ်ဆိုရင် သီချင်းသံကို အလိုအလျောက်လျော့ချပေးမယ့် Feature တစ်ခုက မကြာသေးခင်တုန်းက သတင်းပေါက်ကြားခဲ့ပါသေးတယ်။
Ref – Android Authority