Google က ကုမ္ပဏီရဲ့ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်တဲ့ Pixel Fold ကို ကြေညာလိုက်ပါတယ်။ အပြင်ဘက် မျက်နှာပြင်က 5.8” 1080x2092p OLED ဖြစ်ပြီး Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။ အတွင်းဘက် မျက်နှာပြင်က 7.6” 2208x1840p OLED ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။
Google Pixel Fold မှာ Google ရဲ့ Tensor G2 SoC မောင်းနှင်ထားပြီး Titan M2 Security Coprocessor ပါပါတယ်။ 12GB LPDDR5 RAM နဲ့ 256GB or 512GB UFS 3.1 Storage ထည့်သွင်းထားပါတယ်။
အနောက်ဘက်မှာ 48MP Main (OIS), 10.8MP Ultrawide နဲ့ 10.8MP 5x Optical Zoom Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ 20x Super Res Zoom ထောက်ပံ့ထားပါတယ်။ အပြင်ဘက်မျက်နှာပြင်မှာ 9.5MP Fixed Focus ကင်မရာ တပ်ဆင်ထားပါတယ်။ အတွင်းဘက်မှာ 8MP Fixed Focus ကင်မရာ ပါပါတယ်။
ပါဝါခလုတ်အောက်မှာ လက်ဗွေဖတ်ကိရိယာ မြှုပ်နှံထားပြီး 4,821mAh Battery ပါပါတယ်။ Android 13 မောင်းနှင်ထားပြီး အမေရိကန်မှာ ၁,၇၉၉ ဒေါ်လာနဲ့ ကြိုတင်မှာယူနိုင်ပါပြီ။ Porcelain နဲ့ Obsidian ၂ ရောင် ထုတ်လုပ်ထားပြီး နောက်လမှာ ရောင်းချမှာ ဖြစ်ပါတယ်။
Ref : gsmarena