Google ဟာ လက်ရှိ Android 10 နဲ့အတူ System-wide Dark Theme ကိုမိတ်ဆက်ထားခဲ့ပြီး အခုဆိုရင် Google App တွေအကုန်လုံးနီးပါ Dark Theme ကို အသုံးပြုနေနိုင်ပါပြီ။

ဒါပေမယ့် တစ်ခုရှိတာက အချို့သော App တွေဟာ Dark Theme ကိုအသုံးပြုနိုင်ဖို့အတွက် Android 10 ရှိမှပဲအဆင်ပြေတာဖြစ်ပါတယ်။ အဲ့ဒီ App တွေထဲမှာ Google Play Store လည်းပါဝင်ပြီးတော့ System-wide Dark Theme ကို ပြောင်းလဲထားမှ Play Store ကပါ Dark Theme ရရှိတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ အဆိုပါ Play Store မှာ Dark Theme ကို Android 10 ရဲ့ System Setting အစား Manual အနေနဲ့ On/Off ပြုလုပ်နိုင်တဲ့ Setting ကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Setting ကိုတော့ Play Store ရဲ့ Setting – Theme အောက်မှာ ရွေးချယ်နိုင်မှာပါ။

ဒီလိုမျိုး Manual ရွေးချယ်နိုင်ပြီဖြစ်တဲ့အတွက် Play Store Dark Theme အသုံးပြုနိုင်ဖို့အတွက် Android 10 ရှိဖို့မလိုအပ်တော့ဘဲ Android Device တိုင်းမှာ အသုံးပြုနိုင်ပါပြီ။ ဘာပဲဖြစ်ဖြစ် Google ကနေ နောက်ပိုင်းမှာ တခြားသော App တွေကိုလည်း အခုလိုမျိုး Dark Theme ကို Manual ရွေးချယ်နိုင်တဲ့ Setting ကို ထည့်သွင်းလာဖို့များနေပါတယ်။

Ref – Phone Arena