ဒီနှစ် ကျင်းပတဲ့ Game Awards မှာ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က အံ့အားသင့်စရာသတင်း ၁ ခုကို ကြေညာလိုက်ပါတယ်။ အဲဒါကတော့ Google Play Store က ဂိမ်းတွေကို Windows 10 နဲ့ 11 မှာ နောက်နှစ်ကစားနိုင်မယ် ဆိုတာပါပဲ။

Google Play Store: Android Games Coming to Windows Next Year

Microsoft ဟာ Amazon နဲ့ ပူးပေါင်းပြီး Windows 11 ရဲ့ Microsoft Store မှာ Amazon ရဲ့ App တွေကို အသုံးပြုနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ အခုတော့ Google ကလည်း  အားကျမခံ အဲဒီလို ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။

Google Play Games coming to Windows 10 and 11

Microsoft နဲ့ Amazon တို့ဟာ ပူးပေါင်းမှုကို တရားဝင် ကြေညာထားတာ ဖြစ်ပေမယ့် Google ကတော့ တစ်ဖက်သတ် ပြောကြားနေတာ ဖြစ်ပါတယ်။ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူက အသေးစိတ် မပြောသွားပေမယ့် အဲဒီ ဂိမ်းတွေကို Windows 10 နဲ့ 11 အတွက် ဖန်တီးထားတဲ့ Google App ကနေတစ်ဆင့် ကစားနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

Continuity လုပ်ဆောင်ချက်  ပါလာမှာ ဖြစ်ပြီး ဥပမာအနေနဲ့ သင်ဟာ Android Device မှာ ဂိမ်း ၁ ခုကို စတင်ကစားပြီး Laptop/Desktop PC မှာ အဲဒီ ဂိမ်းကို ဆက်လက် ကစားနိုင်မှာ ဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့သလိုပဲ Google က အသေးစိတ် မပြောသေးပေမယ့် မကြာခင်မှာ သတင်းအချက်အလက်တွေကို ပိုမို သိလာရနိုင်ပါတယ်။ နောက်ပိုင်းမှာ Google Play Store က ဂိမ်းအားလုံးကို PC မှာ ကစားလို့ရလာမယ်လို့ ထင်ရပါတယ်။

Ref : gsmarena