အမေရိကန်အစိုးရက ကိုရိုနာဗိုင်းရက်စ်ကြောင့် စီးပွားရေး ထိခိုက်တာကို သက်သာစေဖို့ ဒေါ်လာ ၂.၂ ထရီလီယမ် ကူညီမှာ ဖြစ်ပါတယ်။ အခုတော့ Google ကလည်း ဗိုင်းရက်စ်ကြောင့် ထိခိုက်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေကို ဒေါ်လာ သန်း ၈၀၀ လှူဒါန်းမှာ ဖြစ်ပြီး အဲဒီထဲက သန်း ၂၅၀ ကို WHO နဲ့ တခြား အစိုးရ အဖွဲ့အစည်း၊ သန်း ၂၀၀ ကို NGOs ၊ ငွေကြေး အဖွဲ့အစည်းတွေနဲ့ သန်း ၃၄၀ Google Ads Credit ကို အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ကူညီမှာဖြစ်ပါတယ်။
We’re committing $800M+ in new #COVID19 response efforts, incl $340M in @GoogleAds credits for SMBs worldwide, $250M in ad grants for @WHO & 100+ govt orgs globally, a $200M investment fund for NGOs & banks to help small businesses access capital, and more https://t.co/oVj6MMs9Bl
— Sundar Pichai (@sundarpichai) March 27, 2020
ဒါ့အပြင် Google က Face Masks , Ventilators နဲ့ တခြား ကာကွယ်ရေး ကိရိယာ၊ ကျန်းမာရေး ကိရိယာတွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေကိုလည်း ငွေကြေးနဲ့ နည်းပညာ အကူအညီတွေ ပေးသွားဖို့ စီစဉ်နေပါတယ်။ ရောဂါ ကုသဆေးနဲ့ ကာကွယ်ဆေး ထုတ်လုပ်ဖို့ သုတေသနပြုလုပ်နေကြတဲ့ အဖွဲ့အစည်းတွေကို ဒေါ်လာသန်း ၂၀ တန် Google Cloud Credits ပေးသွားမှာပါ။
Google ရဲ့ လှူဒါန်းငွေဟာ ထရီလီယမ်နဲ့ချီပြီး မများပေမယ့် ဒီအချိန်မှာ ဘယ်လောက်လှူလှူ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရက်စ်ကြောင့် တစ်ကမ္ဘာလုံး ဒုက္ခရောက်နေကြပြီး ဒီရောဂါကို တိုက်ဖျက်ဖို့အတွက် ရှိသမျှ အစွမ်းကုန် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
Ref : androidpolice