Google ရဲ့ မိခင် Alphabet က ထုတ်ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့သုံးလပတ်ဝင်ငွေရလဒ်အရ ကုမ္ပဏီဟာ ဇူလိုင်ကနေ စက်တင်ဘာလအတွင်း Google Search (နဲ့အခြား ကတစ်ဆင့် ကြော်ငြာဝင်ငွေ ဒေါ်လာ ၃၇.၉၃ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါတယ်။ ဒါဟာ နှစ်စဉ်အလိုက်ဝင်ငွေ ၄၄% တိုးတက်လာတာလည်း ဖြစ်ပါတယ်။

YouTube ကြော်ငြာတွေကတော့ ဒေါ်လာ ၅.၀၄ ဘီလီယံ ကနေ ၇. ၂၁ ဘီလီယံတိုးလာတာဖြစ်ပြီး နှစ်စဉ်အမြတ် ၄၃% အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ Google Network မှာလည်း တစ်နှစ်ထက်တစ်နှစ် ကြော်ငြာဝင်ငွေ ၄၀% တိုးလာတာကို တွေ့မြင်ရပါတယ်။ တတိယသုံးလပတ်အတွက် စုစုပေါင်းဝင်ငွေက ဒေါ်လာ ၅၃.၁၃ ဘီလီယံဖြစ်တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရဲ့တူညီသုံးလပတ်ဝင်ငွေ ၃၇.၁၀ ဘီလီယံနဲ့နှိုင်းယှဉ်ရင် ၄၃% မြင့်တက်သွားတာ ဖြစ်ပါတယ်။

Google ဝန်ဆောင်မှုတွေက ဝင်ငွေ ဘီလီယံ ၆၀ ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ဝင်ငွေ ဒေါ်လာ ၄၂.၅၇ ဘီလီယံနဲ့နှိုင်းယှဉ်မယ်ဆိုရင် ၄၁% တိုးတက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် Google ဟာ အစုရှယ်ယာပိုင်းမှာလည်း ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။ အစုရှယ်ယာတစ်စုကို ခန့်မှန်းခြေ ၂၇.၉၉ ဒေါ်လာနှုန်းဖြစ်ပြီး Wall Street ရဲ့ ထိပ်ဆုံးမှာရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

Alphabet နဲ့ Google ရဲ့ CEO ဖြစ်သူ Sundar Pichai က “လွန်ခဲ့တဲ့ငါးနှစ်လောက်က ကျွန်တော်တို့ဟာ AI-first ကုမ္ပဏီဖြစ်လာဖို့ မျှော်မှန်းချက်ချမှတ်ခဲ့ပါတယ်။ ဒီသုံးလပတ်ရဲ့ရလဒ်တွေက ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ လူတွေအားလုံးနဲ့ ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက် ပိုပြီးအထောက်အကူဖြစ်စေတဲ့ထုတ်ကုန်တွေကို ဘယ်လိုတည်ဆောက်နိုင်တယ်ဆိုတာကို ပြသပေးပါတယ်။” လို့ ပြောခဲ့ပါတယ်။

“Search ကို ဆက်ပြီးမွမ်းမံနေတာနဲ့ Pixel 6 အသစ်တွေက အကောင်းမွန်ဆုံး ဥပမာတွေပါပဲ။ ပြီးတော့ ဒီဂျစ်တယ်အသွင်ပြောင်းမှုနဲ့ Hybrid work အဖြစ်ဆက်ပြီးလုပ်ကိုင်တာ၊ ကျွန်တော်တို့ရဲ့ Cloud services တွေက အဖွဲ့အစည်းတွေကို ပူးပေါင်းပြီးလုံခြုံနေစေဖို့ ကူညီပေးနေပါတယ်။” လို့လည်း Sundar Pichai က ထပ်ပြီးပြောခဲ့ပါသေးတယ်။

Ref: Phone Arena