Google ကနေ အခုအချိန်မှာ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Pixel 4a စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Pixel 4a စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ $349 ကနေ စတင်မှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက Pixel 3a လိုမျိုးပဲ ရောင်းအားကောင်းမယ်လို့ ယူဆရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Google ကနေ လာမယ့်နှစ်ကုန်ပိုင်းမှာ Pixel ဖုန်းတွေအနေနဲ့ 5G ကို ကူးပြောင်းတော့မှာဖြစ်တယ်ဆိုပြီး တရားဝင်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်နဲ့အတူ Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေက ပထမဆုံး 5G Support ပြုလုပ်တဲ့ Pixel စမတ်ဖုန်းတွေဖြစ်လာမှာဆိုပြီး Teaser ဓါတ်ပုံနဲ့အတူ ဖော်ပြသွားခဲ့ပါတယ်။

Google Pixel 4a 5G စမတ်ဖုန်းဟာ လက်ရှိမိတ်ဆက်သွားတဲ့ Pixel 4a စမတ်ဖုန်းအပါအဝင် Pixel 5 ထက်ပါ Screen Size ပိုကြီးမယ်လို့ ယူဆရပြီးတော့ Dual Camera Setup ကို အသုံးပြုလာဖွယ်ရှိနေပါတယ်။ Processor ပိုင်းမှာလည်း Pixel 5 လိုမျိုးပဲ Qualcomm Snapdragon 765G ကို အသုံးပြုမှာဖြစ်ပြီး RAM 8GB + 128GB Storage ပါဝင်လာဖို့များနေပါတယ်။

Pixel 5 အတွက်ကတော့ Teaser ဓါတ်ပုံအရ Aluminum Frame ကိုအသုံးပြုထားမှာဖြစ်ပြီး Power Button အနေနဲ့လည်း အရောင်ပါဝင်မှာမဟုတ်တော့ဘူးလို့ ယူဆရပါတယ်။ Camera Design ကိုလည်း လေးထောင့်ပုံစံပဲ ပြုလုပ်ထားပြီး အနည်းဆုံး Dual Camera Setup ပါဝင်လာဖို့များနေပါတယ်။ Performance ပိုင်းမှာ Pixel 4a 5G လိုမျိုးပဲ Snapdragon 765G ကို အသုံးပြုထားပေမယ့် High Refresh Rate Display ၊ IP Rating နဲ့ Wireless Charging လိုမျိုး Feature တွေပါ ပါဝင်လာနိုင်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Google ကနေ Pixel 4a 5G ဖုန်းဟာ $499 (မြန်မာငွေ ၆ သိန်း ၈ သောင်းဝန်းကျင်) ကနေ စတင်မှာဖြစ်ပြီး Pixel 5 ရဲ့ စျေးနှုန်းကိုတော့ ဖော်ပြသွားခြင်းမရှိသေးပါဘူး။

Ref – GSM Arena