Google က ပြီးခဲ့တဲ့ ၁ ပတ်ကပဲ Android 12 ကို ဖြန့်ချိပေးခဲ့ပြီး အခုတော့ Android 12L ကို ကြေညာလိုက်ပါတယ်။ L ဟာ Large Screen ကို ဆိုလိုတဲ့အတွက် Android 12L ဟာ Tablet, Foldable နဲ့ ChromeOS Device တွေအတွက် ဖြစ်ပါတယ်။
Android 12L ကို နောက်နှစ် အစောပိုင်း ဖြန့်ချိမှာ ဖြစ်ပြီး Developer Preview ကို အခုပဲ ဖြန့်ချိပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ Pixel Device တွေအတွက် Public Beta ကို ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
Google က Android ထည့်သွင်းထားတဲ့ Tablet, Foldable နဲ့ ChromeOS Device စုစုပေါင်းဟာ ၁ ဘီလီယမ်ရဲ့ ၄ ပုံ ၁ ပုံရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ Activation လုပ်တဲ့ Android Tablet ပေါင်းဟာ သန်း ၁၀၀ ရှိပြီး အရင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း တိုးတက်လာတာပါ။ အသုံးပြုမှုများလာတဲ့ အကြောင်းပြောရင် Foldable နဲ့ ChromeOS Laptop တွေကို ချန်ထားလို့ မရပါဘူး။ အဲဒီလို အရွယ်ကြီး Device တွေ လူသုံးများလာတဲ့အတွက် Google က Android 12L ကို ဖန်တီးလိုက်တာပါ။
Android 12L မှာ အရွယ်ကြီး Screen တွေမှာ အသုံးပြုလို့ကောင်းအောင် UI ကို ဖန်တီးထားပြီး အဲဒီအထဲမှာ Notification , Quick Setting, Lockscreen , Home Screen , Overview/Recent App Panel တွေ ပါဝင်ပါတယ်။ Notification Shade, Lockscreen နဲ့ တခြား System တွေအားလုံးမှာ Column Layout အသစ် ၂ ခုကို သုံးထားပါတယ်။
Multitasking ပိုကောင်းဖို့အတွက် Android 12L မှာ သင့် စိတ်ကြိုက် App တွေအကြား လျှင်မြန်စွာ ပြောင်းလဲ သုံးလို့ရစေမယ့် Taskbar အသစ် ပါလာပါတယ်။ Split Screen Mode ကိုလည်း လွယ်လွယ်ကူကူ ရှာနိုင်မှာဖြစ်ပြီး Android 12L မှာ App အားလုံးကို Split Screen Mode မှာ သုံးနိုင်ပါတယ်။
Google က Screen Size မျိုးစုံမှာ အသုံးပြုလို့အဆင်ပြေမယ့် App တွေ ဖန်တီးဖို့ Developer တွေကို တိုက်တွန်းထားပြီး Window Size ၃ ခုကို ပံ့ပိုးပေးထားပါတယ်။ အထက်ပါပုံမှာတွေ့ရတဲ့အတိုင်း ဖုန်းတွေအတွက် Compact ၊ Foldable နဲ့ အရွယ်သေး Tablet တွေအတွက် Medium ၊ Landscape-mode Tablet နဲ့ ကွန်ပြူတာတွေအတွက် Expanded တို့ ဖြစ်ပါတယ်။
Google က Play Store မှာ အရွယ်ကြီး Screen တွေအတွက် မသင့်တော်တဲ့ App တွေကို သတိပေးမှာပါ။ အရွယ်ကြီး Screen တွေအတွက် App Rating ကို သီးသန့် ပြုလုပ်ပေးမှာ ဖြစ်ပြီး အဲဒီ ပြောင်းလဲမှုအားလုံးဟာ နောက်နှစ်မှာ ဖြစ်လာမှာပါ။
Ref : gsmarena