Google က ဩဂုတ်လမှာ Android 13 ကို ကြေညာပြီးနောက် အခုတော့ စွမ်းရည်နိမ့် စမတ်ဖုန်းတွေအတွက် ဖန်တီးထားတဲ့ Android 13 (Go Edition) ကို မိတ်ဆက်လိုက်ပါတယ်။ Go Edition ဟာ သက်တမ်း ၅ နှစ်ရှိပြီ ဖြစ်ပြီး စွမ်းရည်နိမ့် SoC တွေ၊ RAM/Storage နည်းပါးတဲ့ ဖုန်းတွေမှာ Android Go Edition ကို လက်ရှိ လစဉ် သုံးစွဲနေသူဟာ သန်း ၂၅၀ ကျော် ရှိပါတယ်။

Android 13 Go edition adds Material You, Play System Updates

Android 13 (Go Edition) မှာ တည်ငြိမ်မှု၊ အသုံးဝင်မှုနဲ့ Customization ကို အဓိက ဖန်တီးထားပါတယ်။ Google Play System Updates တွေကို Go Devices တွေမှာ ရရှိနိုင်ပြီ ဖြစ်ပြီး အဓိက Android Update တွေ အပြင် အရေးကြီးတဲ့ Software Update တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

Android Home Screen ရဲ့ ဘယ်ဘက်ထောင့်စွန်းက Google Discover Feed ကို Go Edition Device တွေမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အရင်က Non-Go Edition Android Device တွေမှာပဲ ထည့်သွင်းထားတဲ့ Material You ဒီဇိုင်းကို အခုဆိုရင် Go Edition Device တွေမှာ မိတ်ဆက်လိုက်ပါတယ်။ အဲဒီအတွက် သင့် Wallpaper ကို အခြေခံထားတဲ့ သင့် ဖုန်းရဲ့ အရောင် Scheme ၁ ခုလုံးရဲ့ Theme ကို ရရှိမှာ ဖြစ်ပါတယ်။ သင်က Wallpaper ၁ ခုကို သတ်မှတ်လိုက်တဲ့အခါ System ကနေ အရောင် Scheme ၄ ခုထဲက ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Android 13 ရဲ့ အဓိက လုပ်ဆောင်ချက် တချို့ကို Go Edition မှာ ထည့်သွင်းပေးထားပြီး အဲဒီအထဲမှာ Notification Permissions နဲ့ App Language Preferences တွေ ပါပါတယ်။ Google က Android 13 (Go Edition ) ပါတဲ့ Device အသစ်တွေ ၂၀၂၃ ခုနှစ်မှာ ထွက်လာမယ်လို့ ပြောပါတယ်။

Ref : gsmarena