Google က Pixel 6 Series ထဲမှာ ဈေးနှုန်း အသက်သာဆုံး 6a ကို ကြေညာလိုက်ပါတယ်။ ဈေးနှုန်းက ၄၄၉ ဒေါ်လာ ဖြစ်ပြီး မြန်မာငွေ ၈၃၀,၀၀၀ ဝန်းကျင်ကျသင့်ကာ အရင်မျိုးဆက် Pixel 5a နဲ့ တူညီပါတယ်။

Google announces Pixel 6a with Google Tensor processor for $449

Pixel 6a မှာ ၆.၁ လက်မ 2400×1080 Resolution OLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 60Hz Refresh Rate ပဲ ထည့်သွင်းထားပြီး Pixel 6 ရဲ့ 90Hz နဲ့ Pixel 6 Pro ရဲ့ 120Hz ထက် အားနည်းပါတယ်။

Google announces Pixel 6a with Google Tensor processor for $449

ဖုန်း ဒီဇိုင်းက တခြား Pixel 6 ဖုန်းတွေနဲ့ တူညီပြီး အလူမီနီယမ် ဖရိမ် တပ်ဆင်ထားပါတယ်။ ဒါပေမယ့် အရှေ့ဘက်မှာ Gorilla Glass Victus မပါလာဘဲ Gorilla Glass 3 ပဲ ထည့်သွင်းထားပြီးအနောက်ဘက်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပါတယ်။ IP67 စံနှုန်းပဲ ပါလာပြီး တခြား ဖုန်း ၂ လုံးလို IP68 မပါလာပါဘူး။

Pixel 6a မှာ တခြား ဖုန်း ၂ လုံးမှာလို Google Tensor SoC မောင်းနှင်ထားပြီး Titan M2 Security Chip ပါလာပါတယ်။ 6GB LPDDR5 RAM နဲ့ 128GB UFS 3.1 Storage ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ OIS ပါတဲ့ 12..2MP နဲ့ 12MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ 5G ဆက်သွယ်မှု ထောက်ပံ့ထားပြီး Always-on Display ၊ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ၊ စတီရီယို စပီကာနဲ့ HDR Support တွေ ပါလာပါတယ်။ Android 12 မောင်းနှင်ထားပြီး Security Update ကို ၅ နှစ်အထိ ရရှိမှာပါ။

Pixel 6a မှာ အရွယ်သေး 4410mAh ဘက်ထရီ ထည့်သွင်းထားပြီး Google က သာမာန်သုံးရင် ၂၄ နာရီကျော်နဲ့ Extreme Battery Saver Mode ကို သုံးရင် ၇၂ နာရီအထိ အသုံးခံတယ်လို့ ပြောပါတယ်။ 18W Charging USB-PD Fast Charging ထောက်ပံ့ထားပေမယ့် ကြိုးမဲ့အားသွင်း စနစ် မပါလာပါဘူး။

Pixel 6a အတွက် Chalk, Charcoal နဲ့ Sage အရောင် ၃ မျိုး ထုတ်လုပ်ထားပြီး ဇူလိုင်လ ၂၁ ရက်နေ့ ရောင်းမှာပါ။ Australia, Canada, France, Germany, Ireland, Italy, Japan, Puerto Rico, Singapore, Spain, Taiwan, United Kingdom နဲ့ United States တို့မှာ ရောင်းချမယ်လို့ သိရပါတယ်။

Ref : gsmarena