Google ဟာ Communication Service App တွေအများအပြားကို ထုတ်လုပ်ထားပေမယ့် အဲ့ဒီထဲက Application အများအပြားကို နာမည်ပြောင်းလဲတာ သို့မဟုတ် ရပ်ဆိုင်းပစ်တာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ အခုလည်း လူကြိုက်များတဲ့ Video Calling App တစ်ခုဖြစ်တဲ့ Google Duo ကို ပြောင်းလဲမှုတစ်ခုပြုလုပ်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဒါကတော့ Google ကနေ Duo App ကို သတ်ပစ်လိုက်ပြီးတော့ Google Meet အနေနဲ့ပဲ ပြောင်းလဲသွားမယ်ဆိုပြီး သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။ Google Duo ဟာ Messaging App တစ်ခုဖြစ်တဲ့ Allo နဲ့အတူ ပြီးခဲ့တဲ့နှစ်တွေတုန်းက မိတ်ဆက်ခဲ့ပေမယ့် နောက်ပိုင်းမှာ အသုံးပြုသူနည်းပါးတဲ့အတွက် ရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

Google Duo အနေနဲ့ကတော့ အသုံးပြုရတာလွယ်ကူတဲ့အပြင် Video Calling App တွေထဲမှာ အင်တာနက်အမြန်နှုန်းနှေးကွေးတဲ့အချိန်တွေမှာတောင်မှ ကောင်းမွန်စွာအလုပ်လုပ်နိုင်တဲ့အတွက် လူကြိုက်များတဲ့ App တစ်ခုဖြစ်ပါတယ်။ အစောပိုင်းတုန်းက Google ကိုယ်တိုင်ကနေ Google Duo ဟာ သာမန် Consumer တွေအတွက် Video Calling App ဖြစ်ပြီးတော့ Google Meet ကိုပဲ Business User တွေအတွက်ရည်ရွယ်သွားမယ်လို့ ပြောကြားခဲ့ဖူးပါသေးတယ်။

ဒါပေမယ့်လည်း လောလောဆယ်မှာဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်အခြေအနေကြောင့် Google Meet ကို အသုံးပြုသူတွေသိသိသာသာများပြားလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Gmail App မှာတင် Meet Function ကို Tab သီးသန့်ထည့်သွင်းခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Google Duo ကို Meet အနေနဲ့ပြောင်းလဲလိုက်မယ်ဆိုရင် ပုံမှန်အသုံးပြုသူတွေအနေနဲ့ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena