သုံးစွဲသူအတော်များများက Built-in webcam ကိုပဲ အသုံးပြုတတ်ကြပါတယ်။ တချိူ့ကတော့ External webcam တွေကို သီးသန့်ဝယ်ယူအသုံးပြုပြီး တချိူ့ကတော့ သူတို့ရဲ့ မိုလ်ဘိုင်းဖုန်းတွေကို Webcam အဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီလိုအသုံးပြုဖို့အတွက် Third-party app တစ်ခုလိုအပ်သလို အပြည့်အဝလည်း အဆင်ပြေကြတာ မဟုတ်ပါဘူး။

Devices တွေနဲ့ ပါလာတဲ့ Webcam တွေကလည်း များသောအားဖြင့် အရည်အသွေးညံ့ပြီး ဗီဒီယိုကို ထိခိုက်စေလေ့ရှိပါတယ်။ အခုတော့ Google က အသုံးပြုသူရဲ့ Android ဖုန်းကို USB webcam အဖြစ် ပြောင်းလဲဖို့အတွက် နည်းလမ်းတစ်ခုကို တီထွင်နေတယ်လို့ သိရပါတယ်။ ဒီ လုပ်ဆောင်ချက်ဟာ တိုက်ရိုက်ဖြစ်ပြီး Plug-and-play လည်း ဖြစ်တယ်လို့ သိရပါတယ်။

လူသိများတဲ့ Android analyst ဖြစ်သူ Mishaal Rahman က Google ဟာ အဆိုပါ Feature ကို လုပ်ဆောင်နေကြောင်း Twitter မှာ ရေးသားခဲ့ပါတယ်။ ကုမ္ပဏီဟာ Android ဖုန်းတစ်လုံးကို USB ကင်မရာအဖြစ် ပြောင်းလဲခြင်းအတွက် ပံ့ပိုးမှုကို ထည့်သွင်းနိုင်တယ်လို့ ဖော်ပြခဲ့တာပါ။ ဒီအတွက် Android OpenSource Project (AOSP) repository မှာ “DeviceAsWebcam” လုပ်ဆောင်ချက်ကို မိတ်ဆက်ထားကြောင်း တွေ့ရှိရတယ်လို့လည်း Mishaal က ဆိုပါတယ်။

Android device တွေကို Webcam အဖြစ် ပြောင်းလဲပေးမဲ့ ဝန်ဆောင်မှုအသစ်ဟာ “DeviceAsWebcam” ဝန်ဆောင်မှုရဲ့ အတိုကောက် ဖြစ်ပါတယ်။ ဗီဒီယိုဒေတာလွှဲပြောင်းမှုကိုခွင့်ပြုတဲ့ UVC (USB Video Class) gadget mode ပံ့ပိုးပေးတဲ့ Android device တွေမှာ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့လည်း Rahman က ထပ်ပြီးပြောထားပါသေးတယ်။

Ref: Gizchina