Google ဟာ လွန်ခဲ့တဲ့ ရက်သတ္တပါတ်ပိုင်းတုန်းက Pixel 7a ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် Pixel Series ဖုန်းတွေအတွက် Feature အသစ်တစ်ခုကိုပါ ထပ်မံစမ်းသပ်နေပြီဆိုတဲ့ သတင်းက ထွက်ပေါ်လာပါတယ်။

အဆိုပါ Feature အသစ်ကတော့ Pixel ဖုန်းတွေကို ကားအတွက် Dashcam အဖြစ်ပြောင်းလဲအသုံးပြုနိုင်စေမယ့် Feature ဖြစ်ပါတယ်။ အဆိုပါ Feature ဟာ Play Store ပေါ်ကို မတော်တဆရောက်ရှိလာခဲ့တာကြောင့် အခုလို သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

Dashcam Feature ဟာ Pixel ဖုန်းတွေမှာပါဝင်တဲ့ Personal Safety App ရဲ့ Latest Version ဖြစ်တဲ့ “2023.04.27.532191641.8-dogfood” မှာ ပါဝင်လာမှာပါ။ Pixel ဖုန်းကို Dashcam အဖြစ် Setup ပြုလုပ်ပြီးတဲ့အချိန်မှာ ကားမောင်းနှင်နေတဲ့အချိန်တစ်လျှောက်လုံး Video နဲ့ Audio တွေကို Record ပြုလုပ်သွားမှာဖြစ်ပါတယ်။

Pixel ဖုန်းတွေမှာပါဝင်တဲ့ Personal Safety App ဟာ လက်ရှိအချိန်မှာ Emergency Sharing ၊ Car Crash Detection ၊ Safety Check လိုမျိုး Feature အများအပြားပါဝင်ပြီး Dashcam Mode ပါ ပါဝင်လာရင် Feature တွေ ပိုမိုစုံလင်သွားမှာဖြစ်ပါတယ်။ Dashcam ကို ကိုယ့်ကားရဲ့ Bluetooth ကို အလိုအလျောက်ချိတ်ဆက်လိုက်တာနဲ့ အသုံးပြုနိုင်အောင် ပြင်ဆင်ထားနိုင်သလို Dashcam Mode အသုံးပြုနေတုန်းမှာလည်း ဖုန်းကို ပုံမှန်အတိုင်းအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Pixel ဖုန်းကနေ Record ပြုလုပ်ထားတဲ့ Video တွေဟာ အချိန် ၃ ရက်အကြာမှာ အလိုအလျောက်ပျက်သွားမှာဖြစ်ပြီး တစ်ကြိမ် Record ပြုလုပ်မယ်ဆိုရင် အများဆုံး ၂၄ နာရီအထိပဲ Record ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China