Apple ကနေ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက Credit Card Payment စနစ်တစ်ခုဖြစ်တဲ့ Apple Card ကို မိတ်ဆက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းကလည်း Huawei ကနေ Huawei Card ဆိုပြီး မိတ်ဆက်ခဲ့သေးတဲ့အတွက် အခုနောက်ပိုင်းမှာ Payment စနစ်တွေကို ဆက်တိုက်အာရုံစိုက်လာတယ်လို့တောင် ပြောလို့ရပါတယ်။

အခုလည်း နောက်ထပ် Tech ကုမ္ပဏီကြီးဖြစ်တဲ့ Google ကနေ Google Card လို့နာမည်ပေးထားတဲ့ Physical Payment Card တစ်ခုကိုဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Apple Card လိုမျိုး Mastercard နဲ့ Goldman Sachs Bank နဲ့ပူးပေါင်းပြီးတော့ ပြုလုပ်ထားတဲ့ Credit Card တော့မဟုတ်ပေမယ့် Google Card ကတော့ Standford Federal Credit Union နဲ့ Citi အပါအဝင်တခြားသော Bank Partner အများအပြားပါဝင်တဲ့ Debit Card ဖြစ်လာမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Google Card ဟာ Visa-powered Chip တစ်ခုဖြစ်လာမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Google Card ဟာ Contactless Payment အပြင် Bluetooth Mobile Payment ကိုပါ Support ပြုလုပ်မှာဖြစ်ပြီး Online Purchase တွေအတွက် Virtual Card Number ကိုပါရရှိမှာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ Google Pay လိုမျိုး Google App ကနေ Transaction တွေကိုပါ ပြန်လည်ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

ဒါပေမယ့် Google ကနေ ဒီ Google Card ကို ဘယ်အချိန်မှာ မိတ်ဆက်သွားမယ်ဆိုတာကိုတော့ အတိအကျမသိရှိရသေးပေမယ့် လာမယ့် မေလဝန်းကျင်လောက်မှာ Android 11 နဲ့ Pixel 4a လိုမျိုး စမတ်ဖုန်းတွေကိုပါ မိတ်ဆက်မှာဖြစ်တဲ့အတွက် မကြာခင်မှာ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena