Google ဟာ Android App မှာ သင့်ရဲ့ နောက်ဆုံး ၁၅ မိနစ် Search History ကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို  ထည့်သွင်းပေးလိုက်ပါပြီ။ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ned Adriance က “ ဒီလုပ်ဆောင်ချက်ကို Android အတွက် Google App မှာ လက်ရှိ ဖြန့်ချိပေးနေပြီ ဖြစ်ပြီး လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း လူတိုင်း အသုံးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီ အသုံးဝင်တဲ့ လုပ်ဆောင်ချက်ကို တခြား နေရာတွေမှာ ထည့်သွင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ “ လို့ ပြောပါတယ်။

Android Apps by Google LLC on Google Play

ဒီလုပ်ဆောင်ချက်ကို ယခင် XDA Developers ရဲ့ အယ်ဒီတာချုပ် Mishaal Rahman က ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပြီး သူက ဒီလုပ်ဆောင်ချက် မကြာခင် ထွက်လာတော့မယ်လို့ ပြောခဲ့ပါတယ်။ The Verge ရဲ့ အယ်ဒီတာကလည်း သူ့ဖုန်းမှာ ဒီလုပ်ဆောင်ချက်ကို တွေ့လာခဲ့ပါတယ်။ သင့်ဖုန်းမှာ ရပြီဆိုရင် Google ရဲ့ Android App ကို ဖွင့်ပြီး သင့် ပရိုဖိုင် ဓါတ်ပုံကို နှိပ်ပါ။ ဒါဆိုရင် “Delete last 15 min” Option ကို မြင်ရမှာပါ။

Here's why Google app on android phone keeps crashing

ဒီလုပ်ဆောင်ချက်ဟာ Android App ကို ရောက်ဖို့ အချိန်ကြာမြင့်နေတာ ဖြစ်ပါတယ်။ Google က ပြီးခဲ့တဲ့ မေလက Google I/O မှာ ဒီလုပ်ဆောင်ချက်ကို ပထမဆုံး ကြေညာခဲ့တာ ဖြစ်ပြီး ဇူလိုင်လမှာ Google ရဲ့ iOS App ကို ရောက်လာတာ ဖြစ်ပါတယ်။ Google က ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ Android Version ရောက်လာမယ်လို့ အဲဒီအချိန်က ပြောခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ Google က ဒတ်စတော့မှာ ဒီလုပ်ဆောင်ချက် ထည့်သွင်းပေးမလားဆိုတာ မသိရသေးဘဲ မေလမှာ ကြေညာတုန်းက ဘယ်ပလက်ဖောင်းတွေအတွက် ဖန်တီးပေးမယ်ဆိုတာ မပြောခဲ့ပါဘူး။ ဇူလိုင်လတုန်းက Google ဟာ iOS နဲ့ Android App တွေကို ရောက်လာမယ်လို့ပဲ ပြောခဲ့ပါတယ်။

Google ဟာ Search History ကို ၃ လ၊ ၁၈ လနဲ့ ၃၆ လအထိ အလိုအလျှောက် ဖျက်နိုင်တဲ့ Tool ၁ ခုကိုလည်း ဖန်တီးပေးထားပါတယ်။

Ref : theverge