Google ရဲ့ Circle to Search AI Feature ကို Samsung Galaxy S24 Series မှာ ဒီနှစ် အစောပိုင်းက မိတ်ဆက်ခဲ့ပြီး အခုတော့ ကွန်ပြူတာမှ Chrome မှာ အသုံးပြုနိုင်ပါပြီ။ အဲဒီ Feature ကို ChromeOS နဲ့ Chrome Browser မှာ အသုံးပြုနိုင်ပါတယ်။

Google introduces new Circle to Search feature on Android

Windows နဲ့ macOS အတွက် ChromeOS 127 Beta Build နဲ့ Chrome 128 Beta မှာပဲ အသုံးပြုနိုင်တာပါ။ Circle to Search လို့ အမည်မပေးထားဘဲ Search with Google Lens လို့ အမည်ပေးထားပါတယ်။

Windows ရဲ့ Chrome နဲ့ macOS မှာ အစက် ၃ စက် Menu ကို နှိပ်ပြီး Search with Google Lens ကို နှိပ်ရမှာပါ အဲဒီနောက်မှာ ဧရိယာ ၁ ခုကို ဝိုင်းလိုက်တာနဲ့ Side Panel မှာ ရလဒ်ကို ပြသပေးမှာပါ။ ChromeOS မှာ လိပ်စာ ဘားမှ Google Lens Icon ကို နှိပ်ကာ အသုံးပြုနိုင်ပါတယ်။

Google's Circle to Search is now available in Chrome

Google က “ Chrome မှ Google Lens က သင့် Screen မှ အရာတွေကို လွယ်ကူစွာ ရှာပေးနိုင်ပါတယ်။ သင်ကြည့်နေတဲ့ ဗီဒီယို၊ Livestream မှ Slide နဲ့ Webpage မှ ဓါတ်ပုံတွေကို ရှာပေးနိုင်ပါတယ်။ Google Lens က Tab ထဲမှာ အဖြေတွေကို ပြသပေးမှာ ဖြစ်ပြီး သင်က အဲဒီ သတင်းအချက်အလက်တွေကို ဆက်လက် အသုံးပြုနိုင်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Ref : gsmarena