Google Pixel တက်ဘလက်ကို အမေရိကန်က Facebook Marketplace မှာ Speaker Docking Station နဲ့အတူ တွေ့လာရပြီ ဖြစ်တဲ့အတွက် မကြာခင် ရောင်းချနိုင်ပါတယ်။ အဲဒီ Device ၂ ခုရဲ့ ဈေးနှုန်းက ဒေါ်လာ ၄၀၀ ဖြစ်တယ်လို့ သတင်းထွက်နေပေမယ့် အဲဒီ ဈေးနှုန်းကို အတည်ယူလို့ မရသေးပါဘူး။

Google Pixel Tablet 2023 on Facebook Marketplace

Google က Pixel တက်ဘလက်အကြောင်းကို မေလက အရိပ်အမြွက်ပြောခဲ့ပြီး နောက်ပိုင်း Pixel 7 Event မှာ သတင်းအချက်အလက်တွေ ပိုမို အသိပေးခဲ့ပါတယ်။ အောက်တိုဘာလမှာ တက်ဘလက်ရဲ့ သတင်းအချက်အလက်တွေ ထပ်မံထွက်ပေါ်လာပြီး အဲဒီနောက်ပိုင်းမှာ သတင်းတွေ ပျောက်သွားခဲ့ပါတယ်။

Google Pixel TabletGoogle Pixel Tablet

Facebook Marketplace က ဓါတ်ပုံတွေအရ Pixel Launcher ကို တက်ဘလက် ဗားရှင်းနဲ့ ထည့်သွင်းထားပြီး Wallpaper က Pixel 7 Series ရဲ့ Feathers Collection နဲ့ တူညီပါတယ်။

Specs အကြောင်းပြောရရင် တက်ဘလက်မှာ 256GB Storage ၊ 6GB or 8GB RAM ထည့်သွင်းထားပြီး Tensor Chip မောင်းနှင်ထားမှာပါ။ ဘက်ထရီ ပမာဏက ၇၀ ရာခိုင်နှုန်းရှိပြီး ၁၆ နာရီ အသုံးခံသေးတယ်လို့ တွက်ချက်ပြသထားပါတယ်။

Charging Speaker Dock ဟာ Pixel တက်ဘလက်ကို အရွယ်ကြီး မျက်နှာပြင်ပါတဲ့ Nest Hub လို အသုံးပြုနိုင်စေပါတယ်။ တက်ဘလက်ကို Dock မှာ စိုက်ထားရင် Google Assistant ကို အချိန်ပြည့်သုံးနိုင်ပါတယ်။ Dock ဟာ သင့် တက်ဘလက်ကို သင့် နေ့စဉ် လူနေမှုဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်စေတယ်လို့ Google က ဖော်ပြထားပါတယ်။

Ref : gsmarena