Apple ဟာ စပီကာ၊ Apple TV Function နဲ့ FaceTime ကင်မရာတို့ ပေါင်းစပ်ထားတဲ့ HomePod ထုတ်ကုန် အသစ် ၁ ခုကို ဖန်တီးနေတယ်လို့ Bloomberg ရဲ့ ဂျာနယ်လစ် Mark Gurman က ပြောပါတယ်။
Gurman က Apple ဟာ HomePod စပီကာနဲ့ Apple TV ကို ပေါင်းစပ်ထားတဲ့ Device ၁ ခုကို ဖန်တီးနေပြီး အဲဒီမှာ ကင်မရာ ၁ လုံး တပ်ဆင်ထားကာ ချိတ်ဆက်ထားတဲ့ TV ကနေတစ်ဆင့် Video Call ပြုလုပ်နိုင်မယ်လို့ ပြီးခဲ့တဲ့ နှစ်က သတင်းပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလမှာ သူက အဲဒီ Device ရဲ့ တခြား စွမ်းရည်တွေထဲမှာ ဗီဒီယို ကြည့်တာ ၊ သီချင်း နားထောင်တာနဲ့ Apple Siri ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို အသုံးပြုတာတို့လို Apple TV Box Function တွေ ပါလာမယ်လို့ သူက ပြောခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ထုတ်ကုန်ဟာ အစောပိုင်းအဆင့်မှာပဲ ရှိသေးပြီး Apple က အဓိက လုပ်ဆောင်ချက်တွေကို ပြောင်းလဲနိုင်သလို ထုတ်လုပ်ရောင်းချတာကိုလည်း ဖျက်သိမ်းနိုင်ပါတယ်။ ဒါပေမယ့် Gurman ရဲ့ အခုနောက်ဆုံး သတင်းအရ Apple ဟာ အဲဒီ ထုတ်ကုန်ကို ရောင်းချဖို့ သေချာသလောက်ရှိနေပါပြီ။
Apple ဟာ ၂၀၂၁ ခုနှစ် မတ်လမှာ မူလ စွမ်းရည်မြင့် HomePod ရောင်းချတာကို ရပ်နားခဲ့တဲ့အတွက် Apple ဟာ နောက်မျိုးဆက်ကို ဖန်တီးနေသလားလို့ ထင်ခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ်မှာ ရောင်းချခဲ့တဲ့ အရွယ်သေး HomePod mini ဟာ ဈေးနှုန်းပိုချိုသာတဲ့အတွက် လူကြိုက်ပိုများခဲ့ပါတယ်။ အဲဒီအတွက် Gurman သတင်းပေးသလို Apple ဟာ လုပ်ဆောင်ချက် အသစ်တွေ ပါတဲ့ HomePod mini Version အသစ်ကို ဖန်တီးနေတယ်ဆိုတာ အံ့အားသင့်စရာ မကောင်းပါဘူး။
Ref : macrumors