Xiaomi ဟာ အောက်တိုဘာလ ၂၀ ရက်နေ့မှာ 15 နဲ့ 15 Pro ကို တရုတ်မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Xiaomi 15 Pro ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာပြီး Black , White နဲ့ Silver အရောင် ၃ မျိုးကို တွေ့ရပါတယ်။ အထူးထုတ် Titanium Edition လည်း ထွက်လာမှာပါ။

Here's our first look at the Xiaomi 15 Pro in all three colors

ဖုန်း အနာက်ဘက် ဒီဇိုင်းဟာ အရင်မျိုးဆက် Xiaomi 14 နဲ့ တော်တော်တူပါတယ်။ အဓိကကွဲပြားချက်က LED Flash ကို ကင်မရာ Island အပြင်ဘက်ကို ပြောင်းရွှေ့ထားတာ ဖြစ်ပါတယ် ။

Xiaomi 15 Pro မှာ 6.78” Quad-curved AMOLED Panel တပ်ဆင်ထားနိုင်ပြီး 2K Resolution , 120Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ နောက်ထွက်မယ့် Snapdragon 8 Gen 4 SoC မောင်းနှင်ထားနိုင်ပြီး 16GB RAM နဲ့ 1TB Storage အထိ ပါလာနိုင်ပါတယ်။

အနောက်ဘက်မှာ Leica ရဲ့ ကင်မရာ ၃ လုံး တပ်ဆင်ထားနိုင်ပြီး 50MP Main , 50MP Ultrawide နဲ့ 50MP 5x Telephoto ကင်မရာတွေ ဖြစ်နိုင်ပါတယ်။ 32MP ဆဲလ်ဖီး ကင်မရာ ပါလာနိုင်ပါတယ်။

အဲဒီဖုန်းအဆွက် အဓိက Android Update ၅ ခု ရရှိမှာ ဖြစ်ပြီး Titanium Edition မှာ ဂြိုလ်တု ဆက်သွယ်ရေးပါလာနိုင်ပါတယ်။ 90W Wired, 80W Wieless , 10W Reverse Wireless Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါလာနိုင်ပါတယ်။

Ref : gsmarena