တရုတ် ကုမ္ပဏီ ၁ ခု ဖြစ်တဲ့ Oukitel ဟာ ဇွန်လက WP19 အကြမ်းခံ စမတ်ဖုန်းကို ကြေညာခဲ့ပြီး အခုတော့ နောက်လမှာ Pro မော်ဒယ်ကို ချပြတော့မှာပါ။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖြစ်နိုင်ပါတယ်။ အခုတော့ Oukitel WP19 Pro ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

Here's the Oukitel WP19 Pro with a 6.8'' 120Hz screen and 22,000 mAh battery

Oukitel WP19 Pro မှာ Helio G99 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားမှာ ဖြစ်ကာ 2TB microSD Card စိုက်နိုင်ပါတယ်။ Android 13 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

6.8” FullHD+ LCD မျက်နှာပြင်ကို Gorilla Glass နဲ့ ကာကွယ်ထားမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ အထူးခြားဆုံးက 22,000mAh Battery ဖြစ်ပြီး 33W Charging Speed ထောက်ပံ့ထားမှာပါ။

Here's the Oukitel WP19 Pro with a 6.8" 120Hz screen and 22,000 mAh battery - GSMArena.com news

အကြမ်းခံ စမတ်ဖုန်းမှာ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 64MP Main , 20MP Night Vision , 2MP Macro တို့ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ပါလာမှာပါ။

Oukitel က WP19 Pro ကို ဘေးအကင်းဆုံးနဲ့ အကြမ်းအခံဆုံး စမတ်ဖုန်း အဖြစ် ကြေညာထားပြီး IP68, IP69K နဲ့ MIL-STD-810H စံနှုန်းတွေ ပါလာမှာပါ။ အထူက ၂၉ မီလီမီတာနဲ့ အလေးချိန်က ၅၉၂.၃ ဂရမ် ဖြစ်ပါတယ်။

Oukitel WP19 Pro ရဲ့ ဈေးနှုန်းနဲ့ရောင်းချမယ့် အချိန်ကို နောက်လမှာ သိရမှာပါ။

Ref : gsmarena