Ulefone ဟာ Armor 27T Pro ကို ကြေညာဖို့ ပြင်ဆင်နေပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းမှာ အပူချိန် ကင်မရာ ၁ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး အပူလှိုင်းကို ၄၅၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် အထိ အာရုံခံနိုင်ကာ အမှောင်ထဲမှာ ဖောက်ထွင်းမြင်နိုင်ပါတယ်။

Here's the Ulefone Armor 27T Pro with thermal camera and 10,600 mAh battery

အနောက်ဘက်မှာ အပူချိန် ကင်မရာနဲ့အတူ 64MP Night Vision ကင်မရာနဲ့ 50MP Main ကင်မရာ ပါပါတယ်။ Punch Hole မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Here's the Ulefone Armor 27T Pro with thermal camera and 10,600 mAh battery

6.78” FullHD+ 120Hz LCD Display ပါလာပြီး အမိုက်ဆုံးက 10,600mAh Battery ဖြစ်ပါတယ်။ 33W Wired နဲ့ 30W Wireless Charging ထည့်သွင်းထားပြီး Reverse Wireless Charging က တခြား ဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။

Ulefone Armor 27T Pro မှာ Dimensity 6300 SoC မောင်းနှင်ထားပြီး 12GB LPDDR4X RAM (+12 Virtual RAM) နဲ့ 256GB UFS 3.1 Storage ထည့်သွင်းထားကာ 2TB microSD Card စိုက်နိုင်ပါတယ်။ Android 14 မောင်းနှင်ထားပါတယ်။

IP68/69K နဲ့ MIL-STD-810H စံနှုန်းတွေ ပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ အနက်ရောင် ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ၃၅၀ ဒေါ်လာ ဝန်းကျင် ကျသင့်မှာပါ။ ဩဂုတ်လ အစောပိုင်းက စတင်ကာ ကြိုတင်မှာယူနိုင်မှာပါ။

Ref : gsmarena