Apple ဟာ iPhone 16 Series ကို ရောင်းချမယ့် အချိန် မတိုင်ခင် ရက်အနည်းငယ်အလို စက်တင်ဘာလ ၁၆ ရက်နေ့မှာ iOS 18 ကို ဖြန့်ချိပေးမယ်လို့ ပြောထားပါတယ်။ iPhone 16 Series မှာ iOS 18 ကို ကြိုတင်ထည့်သွင်းထားမှာ ဖြစ်ပြီး တခြား Compatible iPhone တွေမှာလည်း စက်တင်ဘာလ ၁၆ ရက်နေ့မှာ ရကြမှာပါ။

ဒါပေမယ့် Apple Intelligence ကိုတော့ ချက်ချင်း ရမှာ မဟုတ်ပါဘူး။ iOS 18.1 (iPadOS 18.1, macOS Sequoia 15.1 ) ကို ဖြန့်ချိမယ့် အောက်တိုဘာလကျမှ Apple Intelligence ကို ရကြမှာပါ။

ပထမအသုတ် AI Features တွေကို US English အတွက်ပဲ ကန့်သတ်ထားမှာပါ။ Australia, Canada, New Zealand, South Africa နဲ့ UK မှာ English Support ကို ဒီဇင်ဘာလမှာ ထည့်သွင်းပေးမှာပါ။ Chinese, French, နဲ့ Spanish တို့လို တခြား အဓိက ဘာသာစကားတွေဟာ နောက်နှစ်မှာ ရကြမှာပါ။

Apple Intelligence မှာ Productivity နဲ့ Communication ကို တိုးတက်စေတဲ့ Feature များစွာ ထည့်သွင်းထားပါတယ်။ Apple Intelligence ကို iPhone 16 Series , iPhone 15 Pro နဲ့ Pro Max , M1 Chip နဲ့ နောက်ပိုင်းထုတ် Chip ပါတဲ့ iPad နဲ့ Macs တွေမှာပဲ ရကြမှာပါ။

Ref : gizmochina