လူငယ်တွေဟာ နည်းပညာကို ပိုမို စိတ်ဝင်စားလာကြပြီး စမတ်ဖုန်းတွေ၊ လူမှုကွန်ရက်တွေကို စွဲစွဲလမ်းလမ်း အသုံးပြုလာကြပါတယ်။ ဒါပေမယ့် နည်းပညာကြောင့် အဖျက်သဘောဆောင်တဲ့ လုပ်ရပ်တွေလည်း ရှိနေပါတယ်။

ဥပမာအနေနဲ့ ဝါရှင်တန် ပြည်နယ်မှ ကျောင်းသား ၁ ယောက်ဟာ မကြာခင်က လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ ရဲဌာနရဲ့ ပြောကြားချက်အရ Liberty High School ကို တက်လာတဲ့ ကျောင်းသား ၁ ယောက်ဟာ အမည်မသိတဲ့ Device ၁ ခုကို သုံးကာ အနီးအနားက iPhone အားလုံးကို ပိတ်အောင်ပြုလုပ်ခဲ့ပါတယ်။

iPhone jammer

တစ်စုံတစ်ယောက်က သင့် ဖုန်းကို အဝေးကနေ ပိတ်အောင်လုပ်လိုက်ရင် သင် စိတ်ပျက်သွားမှာ သေချာပါတယ်။ ဆယ်ကျော်သက်တွေ ပြည့်နှက်နေတဲ့ အထက်တန်းကျောင်း ၁ ခုမှာ အဲဒီလို ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ဝါရှင်တန်  ရဲဌာနဟာ iPhone တွေ အလိုလို ပိတ်သွားတယ်ဆိုတဲ့ တိုင်ကြားမှု ၁ ခုကို Liberty High School ထံက‌နေ တိုင်ကြားမှုရခဲ့ပါတယ်။

How to turn off and force-restart your iPhone | Macworld

ရဲတွေက စစ်ဆေးတဲ့အခါမှာ ကျောင်းသား ၁ ယောက်နဲ့ သူ့ Device ကြောင့် အဲဒီလို ဖြစ်တာလို့ သိခဲ့ကြပါတယ်။ ရဲတွေက အဲဒီ ကျောင်းသား အမည်နဲ့ သူ့ Device အလုပ်လုပ်ပုံကို မပြောသေးပါဘူး။ အနီးအနားက iPhone တွေကို ပိတ်သွားအောင်လုပ်နိုင်တဲ့ အဲဒီ Device က တော်တော်ထူးဆန်းပြီး လူတွေ စိတ်ဝင်စားနေကြပါတယ်။ လက်ရှိမှာတော့ အဲဒီ Device ရဲ့ အလုပ်လုပ်ပုံကို မသိရသေးဘဲ မကြာခင်မှာ သတင်းအချက်အလက် အသေးစိတ်ကို သိလာရမှာပါ။

Ref : gizmochina