HMD Global ကနေ အခုနောက်ပိုင်းမှာ Android One ကို အသုံးပြုထားတဲ့ Nokia စမတ်ဖုန်းတွေကို ဆက်တိုက်ကို မိတ်ဆက်နေတာဖြစ်ပါတယ်။ ဒီလိုမျိုး Android One ကို အသုံးပြုထားတဲ့အတွက် Nokia စမတ်ဖုန်းတွေအားလုံးနီးပါး Software Update ပိုင်းမှာ တခြားဖုန်းတွေထက်မြန်ဆန်တယ်လို့တောင် ပြောလို့ရပါတယ်။

 

အခုလည်း Nokia ကနေ Entry စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Nokia 2.2 အတွက် Android 10 Update ကို ထုတ်ပေးလိုက်ပါပြီ။ ဒါကလည်း HMD Global ရဲ့ ပြောင်းလဲလိုက်တဲ့ Android 10 Update Schedule ကို ကြေညာအပြီးမှာ ပထမဆုံး Android 10 Update ရရှိတဲ့ Nokia ဖုန်းဖြစ်လာတာပါ။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Entry ဖုန်းဖြစ်နေပေမယ့် Nokia 2.2 ဟာ OS Update ၂ နှစ်နဲ့ Security Update ၃ နှစ်ရရှိမှာဖြစ်တဲ့အတွက် လာမယ့် Android 11 ကိုပါ Update ရရှိလာနိုင်ခြေရှိနေပါတယ်။ တခြားသော Mid Range ဖုန်းတွေဖြစ်တဲ့ Nokia 6.1 ၊ Nokia 6.1 Plus နဲ့ Nokia 7 Plus တို့ကတော့ Android 10 Update ကို အသုံးပြုနေကြပြီဖြစ်ပါတယ်။

အခု Nokia 2.2 အတွက် Android Version 10 ဟာ Firmware Version V2.300 နဲ့ ထွက်ရှိလာတာဖြစ်ပြီး System-wide Dark Mode ၊ Gesture Navigation နဲ့ Privacy Control အသစ်တွေကို ရရှိလာနိုင်မှာပါ။ Android Security Patch အနေနဲ့ကတော့ February 2020 Update ကို ရရှိလာမယ်လို့သိရပါတယ်။

Nokia 2.2 ဖုန်းဟာ MediaTek Helio A22 Chipset ကို အသုံးပြုထားတဲ့ Entry ဖုန်းတစ်လုံးဖြစ်တဲ့အတွက် ဒီလိုမျိုး Android Update ပါ ပုံမှန်ရနိုင်တာက သဘောကျစရာပါ။

Ref – XDA-Developers