Honda နဲ့ LG Chem တို့ဟာ US မှာ အမေရိကန်ဒေါ်လာ 4.4 billion တန်ကြေးရှိ EV ဘက်ထရီစက်ရုံကို တည်ဆောက်မယ်လို့ သိရပါတယ်။ ဒါဟာ အခွန်စည်းမျဉ်းသစ်တွေကိုလိုက်နာဖို့နဲ့ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ဖို့ နောက်ဆုံးလုပ်ဆောင်မှုလို့ ဆိုနိုင်ပါတယ်။

Honda နဲ့ LG Chem တို့ဟာ ကားထုတ်လုပ်သူတွေရဲ့ လာမဲ့ EVs အမျိုးအစားတွေအတွက် US မှာ ဘက်ထရီတွေထုတ်လုပ်ဖို့ ဖက်စပ်လုပ်ငန်းတစ်ခု ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ကုမ္ပဏီနှစ်ခုဟာ ၂၀၂၅ ခုနှစ်ကုန်မှာ လစ်သီယမ်−အိုင်းယွန်း ဘက်ထရီဆဲလ်တွေ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုကို စတင်နိုင်ဖို့ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ စတင်တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။

Honda နဲ့ သူ့ရဲ့ လုပ်ငန်းခွဲ Acura တို့ဟာ ၂၀၃၀ မှာ ဟိုက်ဘရစ် ၃၀၊ ဘက်ထရီ−လျှပ်စစ်နဲ့ လောင်စာဆဲလ် ယာဉ်တွေကို ထုတ်လုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် 40GWh နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းရှိဖို့ ရည်မှန်းထားတဲ့ အဆိုပါစက်ရုံဟာ အိုဟိုင်းယိုးပြည်နယ်မှာ တည်ရှိဖွယ်ရှိတယ်လို့ The Wall Street Journal က ဖော်ပြခဲ့ပါတယ်။

အဆိုပါပြည်နယ်ဟာ LG Chem နဲ့ Genaral Motors တို့ တည်ဆောက်နေတဲ့ အနာဂတ် ဒေါ်လာ ၂.၃ ဘီလီယံ ဘက်ထရီစက်ရုံတည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။ အမေရိကန်မှာ ပြည်နယ်အလိုက် ဘက်ထရီထုတ်လုပ်ခြင်းဟာ မော်တော်ယာဉ်ထုတ်လုပ်သူတွေအတွက် အရေးကြီးပါတယ်။ အာဏာပိုင်တွေဟာ ယာဉ်တစ်စီးကို အခွန် ဒေါ်လာ ၇ သောင်းခွဲ သတ်မှတ်ချက် ပြည့်မီလိုတာလည်း ဖြစ်ပါတယ်။

Ref: The Verge