[Zawgyi]

Huawei နဲ႔ သူ႔ရဲ႕ အျခားအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Honor တို႔ကေတာ့ ၂၀၁၈ မကုန္ခင္မွာ လူႀကိဳက္မ်ားမယ့္ စမတ္ဖုန္းေတြကို တစ္သုတ္ၿပီးတစ္သုတ္ ထုတ္ေရာင္းေနပါေတာ့တယ္။ အခုလည္း လာမယ့္ ႏိုဝင္ဘာ ၂၁ ရက္ေန႔မွာ Honor 10 Lite ကို ေတြ႕ျမင္ရဦးမွာ ျဖစ္ပါတယ္။

Honor Magic 2 ကိုလည္း မဝယ္လိုက္ႏိုင္ဘူး၊ Honor 10 ကလည္း ေဈးႀကီးလြန္းတယ္လို႔ ဆိုတဲ့သူေတြအတြက္ Honor 10 lite က စိတ္ဝင္စားစရာ ျဖစ္ပါလိမ့္မယ္။ ေဈးသက္သာၿပီး သင့္တင့္ေကာင္းမြန္တဲ့ အရည္အေသြးနဲ႔ ဆန္းသစ္တဲ့ လမ္းေၾကာင္းေပၚမွာလည္း ရွိေနတာက Honor 10 lite ျဖစ္ပါလိမ့္မယ္။  သူ႔ကိုေတာ့ လာမယ့္ ႏိုဝင္ဘာလ ၂၁ ရက္ေန႔၊ တ႐ုတ္ႏိုင္ငံ ပီကင္းၿမိဳ႕မွာ မိတ္ဆက္မယ္လို႔ သိရပါတယ္။

Honor 10 lite ရဲ႕ပုံစံကေတာ့ တကယ့္ကို အသစ္စက္စက္နဲ႔ တူပါတယ္၊ Huawei handset ေတြကို Rebranded လုပ္ထားတာနဲ႔ မတူဘူးလို႔ GSMarena က မွတ္ခ်က္ေပးထားပါေသးတယ္။ Honor 10 lite ရဲ႕ ေက်ာဘက္ Panel ကေတာ့ Honor 8C, Honor 8X, Honor Note 10 တို႔ပုံစံမ်ိဳးပါပဲ။ AI ကင္မရာႏွစ္လုံးကို ဖုန္းရဲ႕ ဘယ္ဘက္ေထာင့္မွာ ေဒါင္လိုက္ ဆင့္ၿပီး တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။ Fingerprint scanner ကေတာ့ ေက်ာဘက္မွာပါ။

Honor 10 lite မိတ္ဆက္မယ့္ရက္ကို ေၾကညာလိုက္ေတာ့ အေတာ္မ်ားမ်ားက အံ့အားသင့္သြားၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဓိကအစိတ္အပိုင္းေတြကို တရားဝင္ ဘယ္သူမွမသိၾကေသးပါဘူး။ ေကာလာဟလေတြပဲ ေျပာေနၾကေသးတာပါ။ အနီးစပ္ဆုံး ခန႔္မွန္းခ်က္ကေတာင္ Kirin 710 chipset သုံးထားမယ္၊ ဘက္ထရီကေတာ့ႀကီးမယ္၊ 18W fast charging စနစ္ ပါဝင္မယ္ ဆိုတာေလာက္ပါပဲ။ ၿပီးေတာ့ Notch နဲ႔မ်က္ႏွာျပင္ဟာ 19.5:9 ratio ျဖစ္မယ္၊ အသုံးျပဳခ်ိန္မွာေတာ့ Android Pie ကို အေျခခံထားတဲ့ EMUI 9.0 တင္လို႔ရႏိုင္မယ္ ဆိုတာေလာက္ပါပဲ။

Honor 10 lite က ေလာေလာဆယ္ေတာ့ တ႐ုတ္ျပည္တြင္းမွာပဲ မိတ္ဆက္ၿပီး ေရာင္းခ်ဦးမွာပါ။ ျမန္မာႏိုင္ငံကို ေရာက္လာဖို႔ေတာ့ မေသခ်ာေသးပါဘူး။ ခန႔္မွန္းေဈးႏႈန္းကေတာ့ အေမရိကန္ေဒၚလာ ၁၄၄ ေဒၚလာ ဝန္းက်င္လို႔ သိရပါတယ္။

Ref: GSMarena

 

[Unicode]

Huawei နဲ့ သူ့ရဲ့ အခြားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Honor တို့ကတော့ ၂၀၁၈ မကုန်ခင်မှာ လူကြိုက်များမယ့် စမတ်ဖုန်းတွေကို တစ်သုတ်ပြီးတစ်သုတ် ထုတ်ရောင်းနေပါတော့တယ်။ အခုလည်း လာမယ့် နိုဝင်ဘာ ၂၁ ရက်နေ့မှာ Honor 10 Lite ကို တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။

Honor Magic 2 ကိုလည်း မဝယ်လိုက်နိုင်ဘူး၊ Honor 10 ကလည်း ဈေးကြီးလွန်းတယ်လို့ ဆိုတဲ့သူတွေအတွက် Honor 10 lite က စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်။ ဈေးသက်သာပြီး သင့်တင့်ကောင်းမွန်တဲ့ အရည်အသွေးနဲ့ ဆန်းသစ်တဲ့ လမ်းကြောင်းပေါ်မှာလည်း ရှိနေတာက Honor 10 lite ဖြစ်ပါလိမ့်မယ်။  သူ့ကိုတော့ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့၊ တရုတ်နိုင်ငံ ပီကင်းမြို့မှာ မိတ်ဆက်မယ်လို့ သိရပါတယ်။

Honor 10 lite ရဲ့ပုံစံကတော့ တကယ့်ကို အသစ်စက်စက်နဲ့ တူပါတယ်၊ Huawei handset တွေကို Rebranded လုပ်ထားတာနဲ့ မတူဘူးလို့ GSMarena က မှတ်ချက်ပေးထားပါသေးတယ်။ Honor 10 lite ရဲ့ ကျောဘက် Panel ကတော့ Honor 8C, Honor 8X, Honor Note 10 တို့ပုံစံမျိုးပါပဲ။ AI ကင်မရာနှစ်လုံးကို ဖုန်းရဲ့ ဘယ်ဘက်ထောင့်မှာ ဒေါင်လိုက် ဆင့်ပြီး တပ်ဆင်ထားတာကို တွေ့ရပါတယ်။ Fingerprint scanner ကတော့ ကျောဘက်မှာပါ။

Honor 10 lite မိတ်ဆက်မယ့်ရက်ကို ကြေညာလိုက်တော့ အတော်များများက အံ့အားသင့်သွားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဓိကအစိတ်အပိုင်းတွေကို တရားဝင် ဘယ်သူမှမသိကြသေးပါဘူး။ ကောလာဟလတွေပဲ ပြောနေကြသေးတာပါ။ အနီးစပ်ဆုံး ခန့်မှန်းချက်ကတောင် Kirin 710 chipset သုံးထားမယ်၊ ဘက်ထရီကတော့ကြီးမယ်၊ 18W fast charging စနစ် ပါဝင်မယ် ဆိုတာလောက်ပါပဲ။ ပြီးတော့ Notch နဲ့မျက်နှာပြင်ဟာ 19.5:9 ratio ဖြစ်မယ်၊ အသုံးပြုချိန်မှာတော့ Android Pie ကို အခြေခံထားတဲ့ EMUI 9.0 တင်လို့ရနိုင်မယ် ဆိုတာလောက်ပါပဲ။

Honor 10 lite က လောလောဆယ်တော့ တရုတ်ပြည်တွင်းမှာပဲ မိတ်ဆက်ပြီး ရောင်းချဦးမှာပါ။ မြန်မာနိုင်ငံကို ရောက်လာဖို့တော့ မသေချာသေးပါဘူး။ ခန့်မှန်းဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၄၄ ဒေါ်လာ ဝန်းကျင်လို့ သိရပါတယ်။

 

Ref: GSMarena