Honor က စွမ်းဆောင်ရည်သင့် 10X Lite ကို ဒီလ ၂၃ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် ၁ ရက်အလိုမှာပဲ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံ ထွက်ပေါ်လာပါတယ်။ ပထမဆုံး ရောင်းချမယ့် နိုင်ငံက ရုရှားလို့ သိရပါတယ်။

Honor ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ Honor 10X Lite ရဲ့ သတင်းအချက်အလက်တွေကို များများစားစား မဖော်ပြထားပါဘူး။ ဒါပေမယ့် တွစ်တာက Leakster ၁ ယောက်က အဲဒီ စမတ်ဖုန်းရဲ့ Specs Sheet နဲ့ ဓါတ်ပုံကို မျှဝေထားပါတယ်။ Honor X10 Lite ရဲ့ Chipset က Kirin 710A ဖြစ်ပြီး LCD မျက်နှာပြင် ထည့်သွင်းထားမှာပါ။ LCD ဖြစ်တဲ့အတွက် လက်ဗွေရာ အာရုံခံကိရိယာကို ညာဘက်မှာ တပ်ဆင်ထားနိုင်ပါတယ်။

The official image of the incoming Honor X series

ဓါတ်ပုံမှာ 48MP Main ကင်မရာ၊ Punch Hole ဆဲလ်ဖီး ကင်မရာနဲ့ SuperCharge Support ပါမယ်လို့ ဖော်ပြထားပါတယ်။ Emerald Green , Icelandic Frost အရောင်တွေကို ဓါတ်ပုံမှာ တွေ့ရပြီး ရုရှားမှာ Midnight Black ကိုပါ ရောင်းပေးမှာပါ။ အနောက်ကင်မရာတွေကို လေးထောင့်အကွက်ထဲမှာ ထည့်ထားတာ မြင်ရပြီး Punch Hole ကတော့ မျက်နှာပြင် အထက် အလယ်မှာ တပ်ဆင်ထားပါတယ်။

ပေါက်ကြားသတင်းတွေအရ ၆.၆၇ လက်မ Full HD+ IPS LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားမှာပါ။ Honor X10 Lite ကို မနက်ဖြန်မှာ တရားဝင် မျက်ဝါးထင်ထင် မြင်ရတော့မှာ ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ ရုရှားမှာ ကြိုတင်မှာယူခွင့်ပေးမှာပါ။ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena