[Zawgyi]

ၿပိဳင္ဘက္ကင္းသည့္ သုံးစြဲမႈအေတြ႕အႀကဳံမ်ားႏွင့္ ရင္သပ္ရႈေမာဖြယ္ရာ႐ိုက္ကူးမႈမ်ား 48MP ပါဝင္ေသာ AI Quad Camera ႏွင့္ Dynamic Holographic Design တို႔၏ ထူးျခားေသာေပါင္းစပ္မႈႏွင့္အတူ Kirin 980 Chipset ႏွင့္GPU Turbo 3.0 ၏ အေထာက္အပံ့ေပးမႈ ပါရွိသည္။

ကမာၻေက်ာ္စမတ္ဖုန္းအမွတ္တံဆိပ္တစ္ခုျဖစ္ေသာ HONOR က စမတ္ဖုန္းစီးရီး အသစ္ျဖစ္သည့္ HONOR 20i ၊ HONOR 20 ႏွင့္ HONOR 20 Pro တို႔အား လန္ဒန္ၿမိဳ႕တြင္ မိတ္ဆက္ခဲ့သည္။ ယမိတ္ဆက္ခဲ့ေသာ HONOR N Series သည္ ဒီဇိုင္းႏွင့္ဓာတ္ပုံ႐ိုက္ကူးျခင္းအတြက္သာ ထူးျခားေကာင္းမြန္ေနျခင္း မဟုတ္ဘဲ လူငယ္မ်ားအတြက္ အဓိကထားေသာ လွပတင့္တယ္သည့္ လုပ္ေဆာင္ခ်က္မ်ားျဖင့္ တည္ေဆာက္ထားျခင္း ျဖစ္သည္။

အသစ္မိတ္ဆက္လိုက္ေသာ flagship စမတ္ဖုန္း HONOR 20 Series သည္ ကမာၻေပၚ၌ လက္ရွိေရပန္းစားေနေသာ ေရာင္ျပန္ဒီဇိုင္း (Dynamic Holographic) ႏွင့္ 48MP ပါဝင္ေသာ AI Quad Camera တို႔ပါဝင္ထားပါသည္။ စြမ္းေဆာင္ရည္ျမင့္မားေသာ Quad Camera သည္ HONOR 20 အတြက္ DxOMark Score 111 ရရွိထားသည္။ HONOR 20 အားေဈးကြက္အတြင္း €499 ျဖင့္မိတ္ဆက္သြားမည္ျဖစ္ၿပီး HONOR 20i အား €299 မွ စတင္ေရာင္းခ် သြားမည္ ျဖစ္သည္။

HONOR ၏ ဥကၠဌျဖစ္သူ George Zhao က “ကြၽန္ေတာ္တို႔ HONOR မွာ အၿမဲတမ္း ပိုေကာင္းမြန္ေနရမယ္ ဆိုတဲ့စကား အတိုင္း အရာအားလုံးကိုလုပ္ေဆာင္ၾကပါတယ္။ HONOR ရဲ႕လူသိမ်ားေက်ာ္ၾကားတဲ့ N Series ကေန ေနာက္ဆုံးထြက္ရွိ လာမယ့္ HONOR 20 Series ကိုမိတ္ဆက္လိုက္ပါတယ္။ သုံးစြဲသူေတြအတြက္ ရင္သပ္ရႈေမာစရာ ကင္မရာ႐ိုက္ခ်က္ေတြ နဲ႔အတူ ထူးျခားတဲ့ေရာင္ျပန္ဒီဇိုင္းကိုယ္ထည္ကို ထည့္သြင္းေပးထားၿပီးေတာ့ ဒီဖုန္းအသစ္ေတြရဲ႕ ဒီဇိုင္းပိုင္းကို ၾကည့္ျဖင္း အားျဖင့္ HONOR စမတ္ဖုန္းရဲ႕ ဒီဇိုင္းပိုင္းမွာ ကြၽမ္းက်င္ေသသပ္မႈကိုေတြ႕ျမင္ႏိုင္မွာ ျဖစ္သလို ေပါ့ပါးတဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္ႏိုင္မႈရဲ႕ ပထမဆုံးေျခလွမ္းလဲျဖစ္ပါတယ္။ ကမာၻတစ္ဝွမ္းက သုံးစြဲသူေတြအားလုံး HONOR 20 Series ရဲ႕ အံ့ၾသဖြယ္ရာလုပ္ေဆာင္ခ်က္ေတြကို သိရွိႏိုင္ဖို႔ HONOR ရဲ႕ တရားဝင္ဝက္ဘ္ဆိုက္ျဖစ္တဲ့ www.hihonor.com ကိုလဲသြားေရာက္ၾကည့္ရႈၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။” ဟုေျပာၾကားသြားခဲ့သည္။

စြမ္းေဆာင္ရည္ျမင့္ 48MP AI Quad Camera ၏အားသာခ်က္မ်ား

စြမ္းေဆာင္ရည္ျမင့္မားေသာ HONOR 20 ၏ အဓိကကင္မရာတြင္ Sony ၏ IMX586 48MP အား အဓိကထားထည့္သြင္း ထားၿပီး တိုးတက္လာေသာ AL Ultra Clarity ႏွင့္ AIS Super Night Mode တို႔သည္လည္းၾကည္လင္ျပတ္သားေသာ ဓာတ္ပုံတစ္ခုရရွိလာႏိုင္ေစရန္ ပံ့ပိုးေပးထားမည္ျဖစ္သည္။ ကင္မရာ ၄ လုံးအား 16MP ပါဝင္ေသာ Super Wide Angle Camera၊ 8MP Telephoto Camera ႏွင့္ 2MP Macro Camera တို႔ျဖင့္တည္ေဆာက္ထားၿပီး ျမင္ကြင္းပိုက်ယ္၍ ပိုမိုနီးကပ္ေသာ အရာဝတၳဳမ်ားအား႐ိုက္ႏိုင္ရန္အတြက္ Optical Image Stabilization (OIS) ကိုလည္းထည့္သြင္းထား သည္။ အဆိုပါ ကင္မရာ ၄ ခု၏အားသာခ်က္မ်ားေၾကာင့္ DxOMark တြင္ အမွတ္ေပါင္း ၁၁၁ ရရွိခဲ့ျခင္းျဖစ္သည္။

HONOR 20 Series ၏တီထြင္မႈအသစ္ျဖစ္ေသာ AIS Super Night Mode ႏွင့္ စမတ္ဖုန္းေလာကတြင္ အႀကီးမားဆုံးျဖစ္ ေသာ F1.4 aperture သည္ စမတ္ဖုန္းေလာကအတြင္း ဂယက္႐ိုက္သြားခဲ့ၿပီး AI multi frame နည္းပညာႏွင့္ ျပႆနာေျဖရွင္းနည္းေဖာ္ထုတ္ရာတြင္ လိုက္နာရန္စည္းကမ္း (Algorith) နည္းပညာ ကိုအသုံးျပဳထားျခင္းေၾကာင့္ ည အေမွာင္ထဲတြင္ပင္ အလြန္ၾကည္လင္ျပတ္သားေသာဓာတ္ပုံမ်ားအား အလင္းေရာင္ေတာက္ပၿပီး အစက္အေျပာက္ပါဝင္ မႈအနည္းဆုံးအျပင္ ပိုမိုေတာက္ပေသာအေရာင္မ်ားျဖင့္ ႐ိုက္ကူးႏိုင္မည္ျဖစ္သည္။ က်ယ္ဝန္းသည့္ F1.4 aperture အတြင္းသို႔ အလင္းပိုမိုဝင္ေရာက္ႏိုင္ျခင္းေၾကာင့္ သုံးစြဲသူမ်ား၏ ၾကည့္ႏူးအံ့အားသင့္ဖြင့္အခိုက္အတန႔္မ်ားစြာကို မႈန္ျပ သည့္ အလင္းေရာက္ေအာက္၌ပင္ ၾကည္လင္ျပတ္သားေသာ ဓာတ္ပုံမ်ား ႐ိုက္ကူးသိမ္းဆည္းထားႏိုင္မည္ျဖစ္သည္။

48MP ပါဝင္ေသာ AI Quad Camera ၏ AI Ultra Clarity Mode သည္ ေန႔ခင္းဘက္အခ်ိန္တြင္ အလြန္ၾကည္လင္ ျပတ္သားေသာ ပုံမ်ားကို႐ိုက္ယူႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ 7nm Kirin 980 AI Chipset ၏ Dual-NPU ႏွင့္ Dual-ISP မ်ားအားေပါင္းစပ္ထားေသာ “Super 48MP Photo” သည္ သာမာန္ 48MP ဓာတ္ပုံမ်ားထက္ ပုံထြက္ပိုမိုေကာင္းမြန္သည္ ကို ေတြ႕ရွိရမည္ျဖစ္သည္။ အေရာင္မ်ားႏွင့္ အေသးစိတ္အခ်က္အလက္မ်ားသည္ ေတာက္ပေသာ ဓာတ္ပုံမ်ားရရွိႏိုင္ရန္ အတြက္ အဓိကထည့္သြင္းထားျခင္းျဖစ္သည္။ 16MP ပါဝင္ေသာ Super Wide Angle Camera အားအသုံးျပဳၿပီး ၁၁၇ ဒီဂရီအထိ က်ယ္ျပန႔္ေသာ ဓာတ္ပုံမ်ား႐ိုက္ကူးႏိုင္မည္ျဖစ္သည္။ Optical Image Stabilization (OIS) သည္ ေသး ငယ္ေသာ gyro-sensor မ်ားအားအသုံးျပဳ၍ကင္မရာမွန္ဘီလူးမ်ားအား လ်င္ျမန္စြာေ႐ြ႕လ်ားေပးႏိုင္ေစျခင္းျဖင့္ ေ႐ြ႕လ်ားေနေသာဓာတ္ပုံမ်ားအား ဒစ္ဂ်စ္တယ္ပုံစံသို႔ေျပာင္းလဲကာ မတည္ၿငိမ္ေသာလက္ျဖင့္ ႐ိုက္ကူးထားသည့္ ဓာတ္ပုံမ်ားကိုပင္ ၾကည္လင္ျပတ္သားေသာ ဓာတ္ပုံမ်ားျဖစ္ေပၚေစရန္ ႐ိုက္ကူးႏိုင္မည္ျဖစ္သည္။

သာမာန္မ်က္စိျဖင့္မျမင္ႏိုင္ေသာ အရာမ်ားအား ထိုးထြင္း႐ိုက္ကူးႏိုင္ရန္ 2MP Macro lens အားထည့္သြင္းထားသည္။ ၄ စင္တီမီတာအ႐ြယ္အထိ ေသးငယ္ေသာအရာမ်ားအား အေသးစိတ္႐ိုက္ကူးႏိုင္မည္ျဖစ္ၿပီး သက္ရွိမ်ားႏွင့္ ပန္းပြင့္မ်ား အား အဓိက႐ိုက္ကူးတတ္ေသာ ဓာတ္ပုံပညာရွင္မ်ားအတြက္ အထူးသင့္ေတာ္သည္။ ျမင္ကြင္းအက်ယ္ခ်ဲ႕ ျခင္းအတြက္ 3X lossless optical zoom, 5X hybrid zoom ႏွင့္ 30X digital zoom တို႔အားအသုံးျပဳထားၿပီး မိနစ္ပိုင္း အေသးစိတ္ ဓာတ္ပုံမ်ားအား လိုအပ္သလိုျပင္ဆင္၍႐ိုက္ကူးႏိုင္မည္ျဖစ္သည္။ သဘာဝပတ္ဝန္းက်င္အလွမ်ားအား ႐ိုက္ကူးလိုသူမ်ား အတြက္သာမက ၿမိဳ႕ျပ၏ အလွတရာမ်ားကို႐ိုက္ကူးေသာ street photographer မ်ားအတြက္ပါ အထူးသင့္ေတာ္သည့္ စမတ္ဖုန္းကင္မရာတစ္ခုလည္းျဖစ္ပါသည္။

အေရာင္ေျပးေရာင္ျပန္ဒီဇိုင္း (Dynamic Holographic) ၏ထူးျခားမႈ

သုံးစြဲမႈအေတြ႕အႀကဳံအသစ္မ်ားယူေဆာင္ေပးမည့္ HONOR 20 ၏ေက်ာဘက္တြင္ HONOR စမတ္ဖုန္းစီးရီးမ်ားအတြက္ ပထမဆုံးျဖစ္ေသာ ရႈေထာင့္ေပါင္းစုံအသြင္သ႑ာန္ ေရာင္ျပန္မွန္ႏွင့္မိတ္ဆက္ခဲ့သည္။ ေစ့စပ္ေသခ်ာစြာတပ္ဆင္ ျပဳလုပ္ထားေသာ HONOR ၏ပထမဆုံး Triple 3D Mesh နည္းပညာအသုံးျပဳထားေသာ အဆိုပါ ဖုန္းသည္ လုပ္ေဆာင္ခ်က္ ၂ ဆင့္ျဖင့္ တိက်စြာျပဳလုပ္ထားျခင္းျဖစ္သည္။ ပထမဆုံးအေနျဖင့္ ဖန္သားေပၚတြင္ နက္ရႈိင္းေသာ အလႊာတစ္ခုျဖစ္ေပၚေစရန္ ေသးငယ္ေသာအလင္းေပါက္ေလးမ်ားကို နာႏိုနည္းပညာ အသုံးျပဳ ဖန္တီးထားျခင္းျဖစ္ၿပီး ထိုနက္ရွိင္းေသာအလႊာအတြင္းသို႔ ေသးငယ္ေသာ အေပါက္ေလးမ်ားအတြင္းမွတစ္ဆင့္ အလင္းေရာင္မ်ား ဝင္ေရာက္ ျခင္းျဖင့္ အလင္းျပန္ျခင္းျဖစ္ေပၚၿပီး ဦးတည္ခ်က္ေပါင္းစုံမွ အလင္းျပန္ျခင္းျဖစ္သည္။

HONOR 20 Pro အား Phantom Black ႏွင့္ Phantom Blue အေရာင္ ၂ ေရာင္ျဖင့္မိတ္ဆက္သြားမည္ျဖစ္ၿပီး HONOR 20 အတြက္ Midnight black, Sapphire Blue ႏွင့္ Icelandic white အေရာင္ ၃ ေရာင္ စသည္ျဖင့္ အသီးသီးေဈးကြက္ ထဲသို႔ဝင္ေရာက္လာမည္ျဖစ္သည္။ အေရာင္ပါေသာအလႊာအား မွန္ခ်ပ္ႏွင့္နက္ရႈိင္းေသာအလႊာျဖင့္ ေလဟာနယ္အတြင္း တိက်ေသာ အပူခ်ိန္၊ ဖိအားတို႔ျဖင့္ ေပါင္းစည္းထားျခင္းျဖစ္သည္။ ရလဒ္အေနျဖင့္ အတိမ္အနက္အားျမင္ေတြ႕ႏိုင္သည့္ အျမင္ျဖင့္ အျခားေသာစမတ္ဖုန္းမ်ားႏွင့္မတူညီေသာ HONOR 20 Series အားရရွိခဲ့ျခင္းျဖစ္သည္။ ခက္ခဲရႈပ္ေထြးေသာ လုပ္ေဆာင္မႈအဆင့္ဆင့္မ်ားေၾကာင့္ စမတ္ဖုန္းေက်ာဘက္မွန္အခု ၁၀၀ ျပဳလုပ္ခဲ့ရာတြင္ ၂၀ သာ တင္းၾကပ္ေသာ စံခ်ိန္စံႏႈန္မ်ားႏွင့္ ျပည့္ဝခဲ့သည္။

အသုံးျပဳသူမ်ားအံ့အားသင့္ခဲ့ေသာ အေတြ႕အႀကဳံမ်ား

HONOR ၏ “အၿမဲတမ္းပိုမိုေကာင္းမြန္ရမည္” ဟူေသာ စကားအရ ေရာင္ျပန္ Dynamic Holographic ေက်ာဘက္ မ်က္ႏွာျပင္ႏွင့္ အေရာင္ဒီဇိုင္းမ်ားသာမက အျခားေသာ စြမ္းေဆာင္ရည္မ်ားကိုပါ သာလြန္ေအာင္ ျပဳလုပ္ေပးထားသည္ ကို ေတြ႕ရမည္ျဖစ္သည္။ HONPR 20 Series တြင္ ၆.၂၆ လက္မအ႐ြယ္မ်က္ႏွာျပင္ႏွင့္ ၉၁.၇% မ်က္ႏွာျပင္-ကိုယ္ထည္ အခ်ိဳး ပါဝင္မည္ျဖစ္ၿပီး ၄.၅ မီလီမီတာသာ က်ယ္ေသာ မ်က္ႏွာျပင္ေပၚတြင္တည္ေဆာက္ထားသည့္ အေရွ႕ကင္မရာသည္ ျမင္ကြင္းအေတြ႕အႀကဳံအား ပုံထြက္အရည္အေသြးႏွင့္ လွပမႈမ်ားကိုေလွ်ာ့ခ်ရန္မလိုဘဲ all-view display ျဖင့္ အသုံးျပဳႏိုင္ မည္ျဖစ္သည္။

အလူမီနီယံေဘာင္၏ ညာဘက္ရွိ အာ႐ုံခံလက္ေဗြစနစ္မွာ ဖုန္းဖြင့္သည့္အခါ လက္ေခ်ာင္း၏ သဘာဝအတိုင္း ထားရွိရာ ေနရာအား အေျခခံ၍ထည့္သြင္းထားသည္။ ေက်ာဘက္ရွိ ကင္မရာ ၄ လုံးအား “L” ပုံစံျဖင့္ ဖြဲ႕စည္းထားၿပီး 4000 mAh ပါဝင္ေသာ ဘက္ထရီသည္ တစ္ေနကုန္ အားျပန္သြင္းရန္မလိုဘဲ အသုံးျပဳႏိုင္ေအာင္ ပံ့ပိုးေပးသည္။ ထို႔အျပင္ HONOR 20 Pro တြင္ Graphene cooling sheet နည္းပညာဟုေခၚေသာ ဖုန္းအပူခ်ိန္တက္ျခင္းအား ေပ်ာက္ကြယ္ေစသည့္ Thermal Solution အားထည့္သြင္းထားျခင္းျဖင့္ စမတ္ဖုန္းတစ္လုံး၏အေကာင္းဆုံးေသာ လုပ္ေဆာင္ခ်က္မ်ားအား ေတြ႕ရွိရမည္ျဖစ္သည္။

မိုဘိုင္းလ္ဂိမ္းကစားရာတြင္ စမတ္ဖုန္း၏ဂိမ္းအတြင္းစြမ္းေဆာင္ရည္မ်ားအား ျမႇင့္တင္ေပးႏိုင္ရန္ GPU Turbo 3.0 ကို အသုံးျပဳထားၿပီး အသုံးျပဳသူမ်ားအတြက္ ျမင္ကြင္းႏွင့္ ထိေတြ႕မႈအရည္အေသြးမ်ားကို တိုးျမႇင့္ေပးထားႏိုင္မည္ျဖစ္သည္။ သုံးစြဲသူမ်ား၏ေတာင္းဆိုခ်က္မ်ားအရ HONOR 20 Series သည္ Fortnite, PUBG Mobile ႏွင့္ Arena of Valor အစရွိေသာ မိုဘိုင္းလ္ဂိမ္းကုမၸဏီေပါင္း ၂၅ ခုႏွင့္ ေပါင္းစည္း၍ စိတ္ဝင္စားဖြယ္ရာ အစီအစဥ္မ်ား လုပ္ေဆာင္ေပးသြား မည္လည္းျဖစ္သည္။

မ်က္ႏွာျပင္ျမင္ကြင္းမ်ားႏွင့္ ဂိမ္းကစားျခင္းအေတြ႕အႀကဳံေကာင္းမ်ားသာမကဘဲ စြဲၿငိဖြယ္ရာအသံထြက္မ်ားယူေဆာင္ေပး လာမည့္ Histen 6.0 ျဖင့္တည္ေဆာက္ထားသည့္ Virtual 9.1 Surround Sound feature ကိုထည့္သြင္းထားသည္။ ထိုနည္းပညာသည္ စမတ္ဖုန္းမ်ားအတြက္ ပထမဦးစြာအသုံးျပဳထားျခင္းျဖစ္သည္။ Virtual 9.1 သည္ နားၾကပ္အမ်ားစု အတြက္အသုံးျပဳရန္ ပံ့ပိုးေပးႏိုင္ၿပီး ဆူညံသံအားေလွ်ာ့ခ်ေပးႏိုင္သည့္ မိုက္ခ႐ိုဖုန္းတစ္စုံအား နည္းပညာအသစ္မ်ားႏွင့္ သီခ်င္းေအာ္ဒီယို စိတ္ပါဝင္စားသူမ်ား၏ လိုအပ္ခ်က္မ်ားႏွင့္ ကိုက္ညီေစရန္ ထည့္သြင္းထားသည္။

[Unicode]

နည်းပညာမြင့် HONOR N Series ၏ နောက်ဆုံးပေါ်စမတ်ဖုန်းမျိုးဆက်သစ် HONOR 20 Series အား စတင်မိတ်ဆက်

ပြိုင်ဘက်ကင်းသည့် သုံးစွဲမှုအတွေ့အကြုံများနှင့် ရင်သပ်ရှုမောဖွယ်ရာရိုက်ကူးမှုများ 48MP ပါဝင်သော AI Quad Camera နှင့် Dynamic Holographic Design တို့၏ ထူးခြားသောပေါင်းစပ်မှုနှင့်အတူ Kirin 980 Chipset နှင့်GPU Turbo 3.0 ၏ အထောက်အပံ့ပေးမှု ပါရှိသည်။

ကမ္ဘာကျော်စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်သော HONOR က စမတ်ဖုန်းစီးရီး အသစ်ဖြစ်သည့် HONOR 20i ၊ HONOR 20 နှင့် HONOR 20 Pro တို့အား လန်ဒန်မြို့တွင် မိတ်ဆက်ခဲ့သည်။ ယမိတ်ဆက်ခဲ့သော HONOR N Series သည် ဒီဇိုင်းနှင့်ဓာတ်ပုံရိုက်ကူးခြင်းအတွက်သာ ထူးခြားကောင်းမွန်နေခြင်း မဟုတ်ဘဲ လူငယ်များအတွက် အဓိကထားသော လှပတင့်တယ်သည့် လုပ်ဆောင်ချက်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

အသစ်မိတ်ဆက်လိုက်သော flagship စမတ်ဖုန်း HONOR 20 Series သည် ကမ္ဘာပေါ်၌ လက်ရှိရေပန်းစားနေသော ရောင်ပြန်ဒီဇိုင်း (Dynamic Holographic) နှင့် 48MP ပါဝင်သော AI Quad Camera တို့ပါဝင်ထားပါသည်။ စွမ်းဆောင်ရည်မြင့်မားသော Quad Camera သည် HONOR 20 အတွက် DxOMark Score 111 ရရှိထားသည်။ HONOR 20 အားဈေးကွက်အတွင်း €499 ဖြင့်မိတ်ဆက်သွားမည်ဖြစ်ပြီး HONOR 20i အား €299 မှ စတင်ရောင်းချ သွားမည် ဖြစ်သည်။

HONOR ၏ ဥက္ကဌဖြစ်သူ George Zhao က “ကျွန်တော်တို့ HONOR မှာ အမြဲတမ်း ပိုကောင်းမွန်နေရမယ် ဆိုတဲ့စကား အတိုင်း အရာအားလုံးကိုလုပ်ဆောင်ကြပါတယ်။ HONOR ရဲ့လူသိများကျော်ကြားတဲ့ N Series ကနေ နောက်ဆုံးထွက်ရှိ လာမယ့် HONOR 20 Series ကိုမိတ်ဆက်လိုက်ပါတယ်။ သုံးစွဲသူတွေအတွက် ရင်သပ်ရှုမောစရာ ကင်မရာရိုက်ချက်တွေ နဲ့အတူ ထူးခြားတဲ့ရောင်ပြန်ဒီဇိုင်းကိုယ်ထည်ကို ထည့်သွင်းပေးထားပြီးတော့ ဒီဖုန်းအသစ်တွေရဲ့ ဒီဇိုင်းပိုင်းကို ကြည့်ဖြင်း အားဖြင့် HONOR စမတ်ဖုန်းရဲ့ ဒီဇိုင်းပိုင်းမှာ ကျွမ်းကျင်သေသပ်မှုကိုတွေ့မြင်နိုင်မှာ ဖြစ်သလို ပေါ့ပါးတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နိုင်မှုရဲ့ ပထမဆုံးခြေလှမ်းလဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေအားလုံး HONOR 20 Series ရဲ့ အံ့သြဖွယ်ရာလုပ်ဆောင်ချက်တွေကို သိရှိနိုင်ဖို့ HONOR ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.hihonor.com ကိုလဲသွားရောက်ကြည့်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။” ဟုပြောကြားသွားခဲ့သည်။

စွမ်းဆောင်ရည်မြင့် 48MP AI Quad Camera ၏အားသာချက်များ

စွမ်းဆောင်ရည်မြင့်မားသော HONOR 20 ၏ အဓိကကင်မရာတွင် Sony ၏ IMX586 48MP အား အဓိကထားထည့်သွင်း ထားပြီး တိုးတက်လာသော AL Ultra Clarity နှင့် AIS Super Night Mode တို့သည်လည်းကြည်လင်ပြတ်သားသော ဓာတ်ပုံတစ်ခုရရှိလာနိုင်စေရန် ပံ့ပိုးပေးထားမည်ဖြစ်သည်။ ကင်မရာ ၄ လုံးအား 16MP ပါဝင်သော Super Wide Angle Camera၊ 8MP Telephoto Camera နှင့် 2MP Macro Camera တို့ဖြင့်တည်ဆောက်ထားပြီး မြင်ကွင်းပိုကျယ်၍ ပိုမိုနီးကပ်သော အရာဝတ္ထုများအားရိုက်နိုင်ရန်အတွက် Optical Image Stabilization (OIS) ကိုလည်းထည့်သွင်းထား သည်။ အဆိုပါ ကင်မရာ ၄ ခု၏အားသာချက်များကြောင့် DxOMark တွင် အမှတ်ပေါင်း ၁၁၁ ရရှိခဲ့ခြင်းဖြစ်သည်။

HONOR 20 Series ၏တီထွင်မှုအသစ်ဖြစ်သော AIS Super Night Mode နှင့် စမတ်ဖုန်းလောကတွင် အကြီးမားဆုံးဖြစ် သော F1.4 aperture သည် စမတ်ဖုန်းလောကအတွင်း ဂယက်ရိုက်သွားခဲ့ပြီး AI multi frame နည်းပညာနှင့် ပြဿနာဖြေရှင်းနည်းဖော်ထုတ်ရာတွင် လိုက်နာရန်စည်းကမ်း (Algorith) နည်းပညာ ကိုအသုံးပြုထားခြင်းကြောင့် ည အမှောင်ထဲတွင်ပင် အလွန်ကြည်လင်ပြတ်သားသောဓာတ်ပုံများအား အလင်းရောင်တောက်ပပြီး အစက်အပြောက်ပါဝင် မှုအနည်းဆုံးအပြင် ပိုမိုတောက်ပသောအရောင်များဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။ ကျယ်ဝန်းသည့် F1.4 aperture အတွင်းသို့ အလင်းပိုမိုဝင်ရောက်နိုင်ခြင်းကြောင့် သုံးစွဲသူများ၏ ကြည့်နူးအံ့အားသင့်ဖွင့်အခိုက်အတန့်များစွာကို မှုန်ပြ သည့် အလင်းရောက်အောက်၌ပင် ကြည်လင်ပြတ်သားသော ဓာတ်ပုံများ ရိုက်ကူးသိမ်းဆည်းထားနိုင်မည်ဖြစ်သည်။

48MP ပါဝင်သော AI Quad Camera ၏ AI Ultra Clarity Mode သည် နေ့ခင်းဘက်အချိန်တွင် အလွန်ကြည်လင် ပြတ်သားသော ပုံများကိုရိုက်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင် 7nm Kirin 980 AI Chipset ၏ Dual-NPU နှင့် Dual-ISP များအားပေါင်းစပ်ထားသော “Super 48MP Photo” သည် သာမာန် 48MP ဓာတ်ပုံများထက် ပုံထွက်ပိုမိုကောင်းမွန်သည် ကို တွေ့ရှိရမည်ဖြစ်သည်။ အရောင်များနှင့် အသေးစိတ်အချက်အလက်များသည် တောက်ပသော ဓာတ်ပုံများရရှိနိုင်ရန် အတွက် အဓိကထည့်သွင်းထားခြင်းဖြစ်သည်။ 16MP ပါဝင်သော Super Wide Angle Camera အားအသုံးပြုပြီး ၁၁၇ ဒီဂရီအထိ ကျယ်ပြန့်သော ဓာတ်ပုံများရိုက်ကူးနိုင်မည်ဖြစ်သည်။ Optical Image Stabilization (OIS) သည် သေး ငယ်သော gyro-sensor များအားအသုံးပြု၍ကင်မရာမှန်ဘီလူးများအား လျင်မြန်စွာရွေ့လျားပေးနိုင်စေခြင်းဖြင့် ရွေ့လျားနေသောဓာတ်ပုံများအား ဒစ်ဂျစ်တယ်ပုံစံသို့ပြောင်းလဲကာ မတည်ငြိမ်သောလက်ဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများကိုပင် ကြည်လင်ပြတ်သားသော ဓာတ်ပုံများဖြစ်ပေါ်စေရန် ရိုက်ကူးနိုင်မည်ဖြစ်သည်။

သာမာန်မျက်စိဖြင့်မမြင်နိုင်သော အရာများအား ထိုးထွင်းရိုက်ကူးနိုင်ရန် 2MP Macro lens အားထည့်သွင်းထားသည်။ ၄ စင်တီမီတာအရွယ်အထိ သေးငယ်သောအရာများအား အသေးစိတ်ရိုက်ကူးနိုင်မည်ဖြစ်ပြီး သက်ရှိများနှင့် ပန်းပွင့်များ အား အဓိကရိုက်ကူးတတ်သော ဓာတ်ပုံပညာရှင်များအတွက် အထူးသင့်တော်သည်။ မြင်ကွင်းအကျယ်ချဲ့ ခြင်းအတွက် 3X lossless optical zoom, 5X hybrid zoom နှင့် 30X digital zoom တို့အားအသုံးပြုထားပြီး မိနစ်ပိုင်း အသေးစိတ် ဓာတ်ပုံများအား လိုအပ်သလိုပြင်ဆင်၍ရိုက်ကူးနိုင်မည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်အလှများအား ရိုက်ကူးလိုသူများ အတွက်သာမက မြို့ပြ၏ အလှတရာများကိုရိုက်ကူးသော street photographer များအတွက်ပါ အထူးသင့်တော်သည့် စမတ်ဖုန်းကင်မရာတစ်ခုလည်းဖြစ်ပါသည်။

အရောင်ပြေးရောင်ပြန်ဒီဇိုင်း (Dynamic Holographic) ၏ထူးခြားမှု

သုံးစွဲမှုအတွေ့အကြုံအသစ်များယူဆောင်ပေးမည့် HONOR 20 ၏ကျောဘက်တွင် HONOR စမတ်ဖုန်းစီးရီးများအတွက် ပထမဆုံးဖြစ်သော ရှုထောင့်ပေါင်းစုံအသွင်သဏ္ဍာန် ရောင်ပြန်မှန်နှင့်မိတ်ဆက်ခဲ့သည်။ စေ့စပ်သေချာစွာတပ်ဆင် ပြုလုပ်ထားသော HONOR ၏ပထမဆုံး Triple 3D Mesh နည်းပညာအသုံးပြုထားသော အဆိုပါ ဖုန်းသည် လုပ်ဆောင်ချက် ၂ ဆင့်ဖြင့် တိကျစွာပြုလုပ်ထားခြင်းဖြစ်သည်။ ပထမဆုံးအနေဖြင့် ဖန်သားပေါ်တွင် နက်ရှိုင်းသော အလွှာတစ်ခုဖြစ်ပေါ်စေရန် သေးငယ်သောအလင်းပေါက်လေးများကို နာနိုနည်းပညာ အသုံးပြု ဖန်တီးထားခြင်းဖြစ်ပြီး ထိုနက်ရှိင်းသောအလွှာအတွင်းသို့ သေးငယ်သော အပေါက်လေးများအတွင်းမှတစ်ဆင့် အလင်းရောင်များ ဝင်ရောက် ခြင်းဖြင့် အလင်းပြန်ခြင်းဖြစ်ပေါ်ပြီး ဦးတည်ချက်ပေါင်းစုံမှ အလင်းပြန်ခြင်းဖြစ်သည်။

HONOR 20 Pro အား Phantom Black နှင့် Phantom Blue အရောင် ၂ ရောင်ဖြင့်မိတ်ဆက်သွားမည်ဖြစ်ပြီး HONOR 20 အတွက် Midnight black, Sapphire Blue နှင့် Icelandic white အရောင် ၃ ရောင် စသည်ဖြင့် အသီးသီးဈေးကွက် ထဲသို့ဝင်ရောက်လာမည်ဖြစ်သည်။ အရောင်ပါသောအလွှာအား မှန်ချပ်နှင့်နက်ရှိုင်းသောအလွှာဖြင့် လေဟာနယ်အတွင်း တိကျသော အပူချိန်၊ ဖိအားတို့ဖြင့် ပေါင်းစည်းထားခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် အတိမ်အနက်အားမြင်တွေ့နိုင်သည့် အမြင်ဖြင့် အခြားသောစမတ်ဖုန်းများနှင့်မတူညီသော HONOR 20 Series အားရရှိခဲ့ခြင်းဖြစ်သည်။ ခက်ခဲရှုပ်ထွေးသော လုပ်ဆောင်မှုအဆင့်ဆင့်များကြောင့် စမတ်ဖုန်းကျောဘက်မှန်အခု ၁၀၀ ပြုလုပ်ခဲ့ရာတွင် ၂၀ သာ တင်းကြပ်သော စံချိန်စံနှုန်များနှင့် ပြည့်ဝခဲ့သည်။

အသုံးပြုသူများအံ့အားသင့်ခဲ့သော အတွေ့အကြုံများ

HONOR ၏ “အမြဲတမ်းပိုမိုကောင်းမွန်ရမည်” ဟူသော စကားအရ ရောင်ပြန် Dynamic Holographic ကျောဘက် မျက်နှာပြင်နှင့် အရောင်ဒီဇိုင်းများသာမက အခြားသော စွမ်းဆောင်ရည်များကိုပါ သာလွန်အောင် ပြုလုပ်ပေးထားသည် ကို တွေ့ရမည်ဖြစ်သည်။ HONPR 20 Series တွင် ၆.၂၆ လက်မအရွယ်မျက်နှာပြင်နှင့် ၉၁.၇% မျက်နှာပြင်-ကိုယ်ထည် အချိုး ပါဝင်မည်ဖြစ်ပြီး ၄.၅ မီလီမီတာသာ ကျယ်သော မျက်နှာပြင်ပေါ်တွင်တည်ဆောက်ထားသည့် အရှေ့ကင်မရာသည် မြင်ကွင်းအတွေ့အကြုံအား ပုံထွက်အရည်အသွေးနှင့် လှပမှုများကိုလျှော့ချရန်မလိုဘဲ all-view display ဖြင့် အသုံးပြုနိုင် မည်ဖြစ်သည်။

အလူမီနီယံဘောင်၏ ညာဘက်ရှိ အာရုံခံလက်ဗွေစနစ်မှာ ဖုန်းဖွင့်သည့်အခါ လက်ချောင်း၏ သဘာဝအတိုင်း ထားရှိရာ နေရာအား အခြေခံ၍ထည့်သွင်းထားသည်။ ကျောဘက်ရှိ ကင်မရာ ၄ လုံးအား “L” ပုံစံဖြင့် ဖွဲ့စည်းထားပြီး 4000 mAh ပါဝင်သော ဘက်ထရီသည် တစ်နေကုန် အားပြန်သွင်းရန်မလိုဘဲ အသုံးပြုနိုင်အောင် ပံ့ပိုးပေးသည်။ ထို့အပြင် HONOR 20 Pro တွင် Graphene cooling sheet နည်းပညာဟုခေါ်သော ဖုန်းအပူချိန်တက်ခြင်းအား ပျောက်ကွယ်စေသည့် Thermal Solution အားထည့်သွင်းထားခြင်းဖြင့် စမတ်ဖုန်းတစ်လုံး၏အကောင်းဆုံးသော လုပ်ဆောင်ချက်များအား တွေ့ရှိရမည်ဖြစ်သည်။

မိုဘိုင်းလ်ဂိမ်းကစားရာတွင် စမတ်ဖုန်း၏ဂိမ်းအတွင်းစွမ်းဆောင်ရည်များအား မြှင့်တင်ပေးနိုင်ရန် GPU Turbo 3.0 ကို အသုံးပြုထားပြီး အသုံးပြုသူများအတွက် မြင်ကွင်းနှင့် ထိတွေ့မှုအရည်အသွေးများကို တိုးမြှင့်ပေးထားနိုင်မည်ဖြစ်သည်။ သုံးစွဲသူများ၏တောင်းဆိုချက်များအရ HONOR 20 Series သည် Fortnite, PUBG Mobile နှင့် Arena of Valor အစရှိသော မိုဘိုင်းလ်ဂိမ်းကုမ္ပဏီပေါင်း ၂၅ ခုနှင့် ပေါင်းစည်း၍ စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များ လုပ်ဆောင်ပေးသွား မည်လည်းဖြစ်သည်။

မျက်နှာပြင်မြင်ကွင်းများနှင့် ဂိမ်းကစားခြင်းအတွေ့အကြုံကောင်းများသာမကဘဲ စွဲငြိဖွယ်ရာအသံထွက်များယူဆောင်ပေး လာမည့် Histen 6.0 ဖြင့်တည်ဆောက်ထားသည့် Virtual 9.1 Surround Sound feature ကိုထည့်သွင်းထားသည်။ ထိုနည်းပညာသည် စမတ်ဖုန်းများအတွက် ပထမဦးစွာအသုံးပြုထားခြင်းဖြစ်သည်။ Virtual 9.1 သည် နားကြပ်အများစု အတွက်အသုံးပြုရန် ပံ့ပိုးပေးနိုင်ပြီး ဆူညံသံအားလျှော့ချပေးနိုင်သည့် မိုက်ခရိုဖုန်းတစ်စုံအား နည်းပညာအသစ်များနှင့် သီချင်းအော်ဒီယို စိတ်ပါဝင်စားသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ထည့်သွင်းထားသည်။