Honor က တရုတ်မှာ Honor 200 နဲ့ 200 Pro ကို ကြေညာလိုက်ပါတယ်။ ဖုန်း ၂ လုံးရဲ့ ဒီဇိုင်းာ တူညီပြီး 6.7” OLED FHD+ 120Hz Display ၊ 50MP Main ကင်မရာနဲ့ 100W Wired Charging ထောက်ပံ့တဲ့ 5,200mAh Battery တပ်ဆင်ထားပါတယ်။

Honor 200 and 200 Pro debut in China

Honor 200 Pro မှာ ပိုစွမ်းရည်မြင့်တဲ့ Snapdragon 8s Gen 3 Chipset နဲ့ 66W Wireless Charging ပါလာပါတယ်။ ရိုးရိုး မော်ဒယ်မှာ Snapdragon 7 Gen 3 Chip ပါလာပေမယ့် Wireless Charging မပါပါဘူး။

Honor 200 and 200 Pro debut in China - GSMArena.com news

200 Pro ရဲ့ 50MP 1/1.3” Main ကင်မရာဟာ စွမ်းရည်မြင့် Honor  Magic6 Pro နဲ့ တူပါတယ်။ Honor 200 မှာ 50MP 1/1.56” Main ကင်မရာ ပါပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 50MP Telephoto (2.5x Optical Zoom) (OIS) ကင်မရာ ပါပါတယ်။ AI ရဲ့ အကူအညီနဲ့ ပရော်ဖက်ရှင်နယ် စတူဒီယို အလင်းရောင်ကို ပံ့ပိုးပေးတဲ့ Harcourt Portrait Mode ကို ပြင်သစ် ဓါတ်ပုံ စတူဒီယို Harcourt နဲ့ ပူးပေါင်း ဖန်တီးထားပါတယ်။

အနောက်ဘက်က တတိယ ကင်မရာက 12MP Ultrawide Lens ဖြစ်ပြီး 2.5cm Macro Mode ပါပါတယ်။ ဖုန်း  ၂ လုံးစလုံးမှာ 50MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။ Android 14 အခြေပြု MagicOS 8.0 မောင်းနှင်ထားပါတယ်။

Honor 200 ရဲ့ 12/256GB ကို ၃၇၂ ဒေါ်လာနဲ့ 16/512GB ကို ၄၄၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Honor 200 Pro ရဲ့ 12/256GB ကို ၄၈၃ ဒေါ်လာနဲ့ 16GB/1TB ကို ၆၂၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီလ ၃၁ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး နိုင်ငံတကာအတွက် ဇွန်လ ၁၂ ရက်နေ့ ကြေညာမှာပါ။

Ref : gsmarena