Esports World Cup ကို နောက်တစ်ပတ်မှာ ဆော်ဒီအာရေးဗီးယားမှာ ကျင်းပမှာ ဖြစ်ပြီး EWCF ရဲ့ အကြီးအကဲတွေက Honor နဲ့ ပူးပေါင်းဖို့ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

Honor 200 Pro - Full phone specifications

Honor 200 Pro ဟာ အဲဒီပြိုင်ပွဲရဲ့ တရားဝင် စမတ်ဖုန်း ဖြစ်လာပြီး Free Fire, Honor of Kings နဲ့ Women’s ML:BB လို နာမည်ကြီး ဂိမ်းပြိုင်ပွဲတွေမှာ ကစားသမားတွေက အဲဒီ စမတ်ဖုန်းကို အသုံးပြုကြမှာ ဖြစ်ပါတယ်။

Esports World Cup Foundation ရဲ့ CEO Ralf Reichert က EWC ကစားသမားတွေဟာ ဂိမ်း နည်းပညာမှာ အကောင်းဆုံးကို တောင်းဆိုကြပြီး Honor 200 Pro ဟာ သူတို့ရဲ့ စံနှုန်းတွေထက် သာလွန်ကောင်းမွန်နေပါတယ်လို့ ပြောပါတယ်။

Honor ရဲ့ CMO Dr Ray က ကုမ္ပဏီဟာ မိုဘိုင်းဂိမ်း ပြိုင်ပွဲ အားလုံးအတွက် တရားဝင် စမတ်ဖုန်းကို ပံ့ပိုးပေးမှာ ဖြစ်ပြီး ကစားသမားတွေဟာ အစွမ်းကုန် အရည်အချင်းတွေကို ပြသနိုင်ကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူက ကစားသမားတွေဟာ ဂိမ်း ပြိုင်ပွဲမှာ စံချိန်အသစ်တွေ တင်နိုင်အောင် ကူညီပံ့ပိုးပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Honor 200 Pro မှာ Snapdragon 8s Gen 3 Chipset မောင်းနှင်ထားပြီး ဂိမ်း အပါအဝင် မြင့်မားတဲ့ အလုပ်တွေမှာ  စွမ်းဆောင်ရည် ကျဆင်းသွားတာ မရှိပါဘူး။ OLED Display က ကောင်းမွန်ပြီး Fast Charging နဲ့ Battery သက်တမ်း မြင့်မားပါတယ်။

Ref : gsmarena