Huawei ရဲ့ ကုမ္ပဏီခွဲ Honor က စမတ်ဖုန်း အသစ်တွေကို ကြေညာလိုက်ပါတယ်။ Honor 30 , 30 Pro နဲ့ 30 Pro+ တို့ ဖြစ်ပြီး Honor 30 မှာ ၆.၅၃ လက်မ OLED FHD+ မျက်နှာပြင် ထည့်သွင်းထားပါတယ်။  မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ 20:9 Aspect Ratio ပါလာပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

အနောက်ဘက်မှာ 40MP Main , 8MP Periscope နဲ့ 8MP Ultrawide ကင်မရာတွေ ထည့်သွင်းထားပြီး Kirin 985 5G Chipset အသစ် မောင်းနှင်ထားပါတယ်။ 7nm Node နဲ့ တည်ဆောက်ထားပြီး 2.58GHz ပင်မ Cortex-A76 Core ၁ လုံး ၊ 2.40GHz Cortex-A76 ၃ လုံးနဲ့ 1.84GHz Cortex-A55 ၄ လုံး တပ်ဆင်ထားပါတယ်။ Mali-G77 GPU ပါလာပြီး ကင်မရာ စွမ်းရည်မြင့်မားစေတဲ့ Kirin ISP 5.0 ပါလာပါတယ်။

Honor 30 မှာ 40W Fast Wired Charging ထောက်ပံ့ထားတဲ့ 4,000mAh ဘက်ထရီ ထည့်သွင်းထားပြီး Android 10 အခြေပြု Magic UI 3.1.0 မောင်းနှင်ထားပါတယ်။ အနက်၊ ခရမ်း၊ ငွေနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၂,၉၉၉ ယွမ်၊ 8/128GB ကို ၃,၁၉၉ ယွမ်နဲ့ 8/256GB ကို ၃,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆ သိန်း ၊ ၆ သိန်း ၄ သောင်းနဲ့ ၇ သိန်းလောက် အသီးသီး ကျသင့်မှာပါ။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၂၁ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gsmarena