Honor ကနေ မကြာသေးခင်တုန်းကမှ Honor 30 Series ကို မိတ်ဆက်သွားခဲ့ပြီးတော့ အဲ့ဒီထဲကမှ Honor 30 Pro+ ဖုန်းဟာ အကောင်းဆုံးလို့ပြောလို့ရပါတယ်။ အခုလည်း စမတ်ဖုန်းကင်မရာစွမ်းဆောင်ရည်ပိုင်းကို အကဲဖြတ်တဲ့ DxOMark ကနေ Honor 30 Pro+ ရဲ့ ရမှတ်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

DxOMark ရဲ့ စမ်းသပ်မှုမှာ Honor 30 Pro+ စမတ်ဖုန်းဟာ စုစုပေါင်းရမှတ် ၁၂၅ မှတ်ရရှိခဲ့ပြီး လက်ရှိစမတ်ဖုန်းကင်မရာတွေထဲမှာ ဒုတိယအကောင်းဆုံးဖုန်းအနေနဲ့ သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် Honor 30 Pro+ စမတ်ဖုန်းရဲ့ ရှေ့မှာ Huawei P40 Pro ဖုန်းကပဲ ၁၂၈ မှတ်နဲ့ရှိနေတော့တာဖြစ်ပါတယ်။

Honor 30 Pro+ စမတ်ဖုန်းဟာ Photography ပိုင်းမှာ ၁၃၅ မှတ်ရရှိခဲ့ပြီးတော့ Video ပိုင်းမှာတော့ ၁၀၄ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ DxOMark ကတော့ Honor 30 Pro+ ဖုန်းရဲ့ Zoom ပိုင်းတွေ၊ Color ၊ Exposure နဲ့ တခြားသောအပိုင်းတွေအကုန်လုံးနီးပါးမှာ ချီးကျူးခံနေရတာဖြစ်ပါတယ်။

Video ပိုင်းမှာလည်း Exposure ၊ Color နဲ့ Autofocus ပိုင်းတွေမှာ အကောင်းပြောခံခဲ့ရသလို Stabilization ပိုင်းမှာသိသိသာသာကိုကောင်းမွန်တယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ Resolution အနေနဲ့ကတော့ 4K 60fps Video တွေကို အမြင့်ဆုံးရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

Honor 30 Pro+ ဟာ 50MP Sony IMX700 Primary Sensor ၊ 5x Optical Zoom အထိ Support ပေးတဲ့ 8MP Periscope Sensor နဲ့ 16MP Ultrawide Sensor တွေပါဝင်တဲ့ Triple Camera Setup ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

Ref – Gizmo China