Honor က ပြီးခဲ့တဲ့နှစ် Honor 300 Series မှာ Lite မော်ဒယ်ကို မကြေညာခဲ့ပါဘူး။ ဒါပေမယ့် ကုမ္ပဏီက ဒီနှစ် Honor 400 Series မှာ Honor 400 Lite ကို မိတ်ဆက်လိုက်ပါတယ်။

Honor 400 Lite debuts with Dimensity 7025-Ultra and 108MP cam

Honor 400 Lite မှာ 6.7” AMOLED Flat Display သုံးထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ပါလာပါတယ်။ 3,500 Nits Peak Brightness ထည့်ထားပြီး In-display Fingerprint Scanner ပါပါတယ်။ ဆေးတောင့်ပုံ Cutout မှာ 16MP ဆဲလ်ဖီး ကင်မရာနဲ့ LED Flash တပ်ထားပါတယ်။

Honor 400 Lite key specs

အနောက်ဘက်မှာ ကင်မရာ Island ကို ဆန်းသစ်ထားပြီး ဘဲဥပုံ မဟုတ်တော့ဘဲ လေးထောင့် ဖြစ်လာပါတယ်။ 108MP Main , 5MP Ultrawide ကင်မရာ ၂ လုံး တပ်ထားပါတယ်။ ညာဘက် ပါဝါခလုတ်အောက်မှာ AI ကင်မရာ ခလုတ် တပ်ထားပြီး ကင်မရာ App ကို ဖွင့်တာ၊ ဓါတ်ပုံ၊ ဗီဒီယို ရိုက်တာ၊ Zoom In လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။

Honor 400 Lite official colors

Honor 400 Lite မှာ MediaTek Dimensity 7025-Ultra Chipset ပါလာပြီး 8/12GB RAM နဲ့ 128/256GB Storage ထည့်ထားပါတယ်။ Android 15 အခြေပြု MagicOS 9.0 ပါလာပြီး 35W Wired Charging ထောက်ပံ့တဲ့ 5,230mAh Battery တပ်ထားပါတယ်။

Green , Black နဲ့ Grey အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB ကို ဩစတြီးယားမှာ ယူရို ၂၆၉ သတ်မှတ်ထားပါတယ်။ မကြာခင် တခြားနိုင်ငံတွေမှာ ရောင်းမယ်လို့ ထင်ပါတယ်။

Ref: gsmarena