Honor ဟာ ပြီးခဲ့တဲ့ လတွေအတွင်း တရုတ်မှာ စွမ်းရည်မြင့် Honor 60 နဲ့ 60 Pro ကို ရောင်းချခဲ့ပြီး အခုတော့ Honor 60 SE ကို ချပြလိုက်ပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၁၈ ရက်နေ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

Honor 60 SE 5G

Honor 60 SE ရဲ့ တန်ဖိုးအနည်းဆုံး 8GB RAM/128GB Storage မော်ဒယ်ကို ၂,၁၉၉ ယွမ်နဲ့ 8GB RAM / 256GB Storage မော်ဒယ်ကို ၂,၄၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၆၁၀,၀၀၀ နဲ့ ၇၀၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။

ကုမ္ပဏီက Honor 60 SE ကို ကြေညာလိုက်ပေမယ့် Specs အပြည့်အစုံကို မပြောသေးပါဘူး။ Honor က အဲဒီ စမတ်ဖုန်းမှာ 120Hz Refresh Rate ပါလာမယ်လို့ပဲ အတည်ပြုထားပြီး Full HD+ မျက်နှာပြင် တပ်ဆင်ထားနိုင်ပါတယ်။ ကုမ္ပဏီက မျှဝေထားတဲ့ Teaser ဓါတ်ပုံအရ အရှေ့ဘက် မျက်နှာပြင်ရဲ့ အထက် အလယ်မှာ Punch Hole Cutout ၁ ခုကို တွေ့ရပြီး ဆဲလ်ဖီး ကင်မရာက 64MP ဖြစ်ပါတယ်။

Honor 60 SE appears on Geekbench with Dimensity 900 SoC

အရင်ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ Honor 60 SE မှာ MidiaTek Dimensity 9000 SoC မောင်းနှင်ထားနိုင်ပြီး အနောက်ကင်မရာ ၃ လုံးက 64MP Main , 8MP Ultrawide နဲ့ 2MP တို့ ဖြစ်နိုင်ပါတယ်။ Android OS အပေါ်မှာ ကုမ္ပဏီရဲ့ Magic UI 5.0 အုပ်ထားနိုင်ပြီး ဘက်ထရီ ပမာဏကို မသိရသေးပါဘူး။ 66W Fast Charging နည်းပညာ ထောက်ပံ့ထားနိုင်ပါတယ်။

Honor ဟာ Mobile World Congress ကို တက်ရောက်မယ်လို့ အတည်ပြုထားပြီး ဒီလ ၂၈ ရက်နေ့မှာ Magic Series Device အသစ်တွေကို ကြေညာမှာ ဖြစ်ပါတယ်။

Ref : gizmochina