Honor ရဲ့ စွမ်းရည်သင့် 9X Pro ကို တစ်ကမ္ဘာလုံးမှာ ရောင်းပေးတော့မှာ ဖြစ်ပြီး ဂျာမနီ၊ ပြင်သစ် ၊ အီတလီနဲ့ နယ်သာလန်နိုင်ငံတွေမှာ အစောဆုံး ရောင်းမှာပါ။ ဧပြီလ ၁၇ ရက်နေ့မှာ ဝယ်ယူသူတွေကို ယူရို ၃၀ တန် ကူပွန်နဲ့ Honor Sports Pro Earphones တွေကို လက်ဆောင်ပေးမှာပါ။

ကုမ္ပဏီက “Global Fans Day 2020” ဈေးရောင်းပွဲတော်ကို ပြုလုပ်ပေးခဲ့ပြီး နိုင်ငံခြား တိုင်းပြည်တွေကနေ Fans အသစ် ၁၀၆,၀၀၀ ယောက် တိုးပွားလာပါတယ်။ ၂ ပတ်ကြာ ပြုလုပ်ပေးခဲ့တဲ့ ဈေးရောင်းပွဲတော် ဖြစ်ပြီး Honor ရဲ့ အွန်လိုင်းစတိုးကို လည်ပတ်သူ ၃၂၅ သန်းရှိခဲ့တယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။

လူသန်းရာနဲ့ချီ လည်ပတ်ခဲ့ပြီး Honor ဟာ ဝက်ဘ်ဆိုက်ကနေ အမှာစာ တင်သွင်းသူ ၁၀၆,၀၀၀ ကျော်ရခဲ့ပါတယ်။ အဲဒီ ကိန်းဂဏန်းထဲမှာ တရုတ်က Fans တွေ မပါဘဲ နိုင်ငံခြားက အရေအတွက်ပဲ ဖြစ်ပါတယ်။ Honor က ဈေးလျှော့ရောင်းပေးတဲ့ အွန်လိုင်း ပွဲတော်တွေမှာ ပါဝင်သူ ၅၄၄,၇၇၀ ရှိတယ်လို့ ပြောပါတယ်။

Honor ရဲ့ Wearables တွေဟာလည်း အရင်နှစ် Global Fans Day ထက် ရောင်းအား ပိုကောင်းလာပါတယ်။ ရုရှားက ရောင်းအားဟာ ၂၇၀ ရာခိုင်နှုန်း တက်လာပြီး MagicWatch 2 ဟာ အရှေ့ ဥရောပမှာ ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။ Honor Band 5 ဟာလည်း လူကြိုက်အရမ်းများပြီး Honor က ချက် သမ္မတ နိုင်ငံမှာ နံပါတ် ၁ ရောင်းအား အကောင်းဆုံးလို့ ပြောပါတယ်။

Ref : gsmarena