Honor ကနေ မကြာခင်မှာ Hunter Series Gaming Laptop တွေကို မိတ်ဆက်သွားဖို့ရှိနေတယ်ဆိုပြီး သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Honor Hunter အမည်ရတဲ့ Gaming Laptop မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပါပြီ။

Honor ရဲ့ ကြေညာချက်အရတော့ လာမယ့်စက်တင်ဘာလ ၁၆ ရက်နေ့မှာ တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး Hunter Gaming Laptop အပြင် Smartwatch ၂ မျိုးကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Teaser ဓါတ်ပုံအရတော့ Laptop ရဲ့ နောက်ဖက် Lid မှာ Hunter Logo အသစ်ကိုပါ မြင်တွေ့ရပြီဖြစ်ပါတယ်။

စစခြင်းမှာတေ့ာ Honor Hunter Gaming Laptop ဟာ အမျိုးအစားတစ်မျိုးပဲ မိတ်ဆက်သွားမှာဖြစ်ပြီး Processor နဲ့ Graphic Card တွေကိုတော့ စိတ်ကြိုက်ရွေးချယ်နိုင်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း CPU Processor ကိုတော့ Intel 10th Gen ကိုပဲ သုံးလာမလား၊ AMD Ryzen 4000 Series Processor တွေကိုပဲ သုံးလာမလားဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Honor Hunter Gaming Laptop တွေဟာ မကြာသေးခင်ကမှ မိတ်ဆက်ထားခဲ့တဲ့ Xiaomi Redmi G Gaming Laptop တွေနဲ့ အဓိကယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။

Ref – GSM Arena