Honor ကနေ ကုမ္ပဏီအတွက် ပထမဆုံး True Wireless Earbuds ဖြစ်တဲ့ Honor Magic Earbuds ကို Europe စျေးကွက်အတွက် မိတ်ဆက်လိုက်ပါပြီ။ Honor Magic Earbuds ကို အခုအရင်ဆုံးအနေနဲ့ Netherlands ၊ France ၊ Germany ၊ Italy အပါအဝင် ဥရောပနိုင်ငံအများအပြားမှာ စတင်ရောင်းချမှာဖြစ်ပြီး ကျန်တဲ့နိုင်ငံတွေမှာလည်း မကြာခင်ရောင်းချသွားဖို့များနေပါတယ်။

အဆိုပါ Honor Magic Earbuds တွေဟာ ထူးခြားချက်အနေနဲ့ Hybrid Active Noise Cancelling နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Earbuds တစ်ခုစီရဲ့ အပြင်ဘက်မှာ Mic ၂ ခုစီနဲ့ အတွင်းဘက်မှာ Background Noise တွေကို 32dB အထိ ဖယ်ရှားနိုင်မယ့် နောက်ထပ် Mic တစ်ခုကိုပါ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Audio Quality အနေနဲ့ 10mm Driver ကို အသုံးပြုထားပြီးတော့ Honor ရဲ့ ပြောကြားချက်အရတော့ Bass နဲ့ Treble ပိုင်းမှာ သိသိသာသာကို ကောင်းမွန်တဲ့အတွေ့အကြုံကို ရရှိစေမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကြည်လင်ပြတ်သားတဲ့အသံအရည်အသွေးအတွက် အဆိုပါ 10mm Driver တွေမှာ Highly-sensitive Composite Diaphragm ကိုပါ ထည့်သွင်းထားပါသေးတယ်။

Battery Life အနေနဲ့ကတော့ ဆက်တိုက်သီချင်းနားထောင်မယ်ဆိုရင် ၃ နာရီခွဲခန့်အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case နဲ့ တွဲဖက်ပြီးအသုံးပြုမယ်ဆိုရင် ၁၄.၅ နာရီနားထောင်နိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ရောင်းချတဲ့နိုင်ငံပေါ်မှုတည်ပြီး ကွဲပြားနိုင်ပေမယ့် Europe မှာတော့ €99.90 (မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena