Honor က တရုတ်မှာ ဒီလ ၁၀ ရက်နေ့မှာ Magic OS 8.0 Operating System နဲ့ Magic 6 Series ကို ကြေညာမှာ ဖြစ်ပါတယ်။ ကြေညာဖို့ ရက်အနည်းငယ်ပဲလိုတော့တဲ့ အချိန်မှာ အဲဒီဖုန်းတွေရဲ့ ပေါက်ကြားသတင်းတွေ ထွက်လာပါတယ်။

Honor Magic 6 Series to Support Upgraded Satellite Communication, Deeper AI Integration | Technology News

Honor Magic 6 နဲ့ Magic 6 Pro ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး ဒီဇိုင်းလှပကာ အနောက်ကင်မရာ ၃ လုံးကို တြိဂံပုံသဏ္ဍာန် ထည့်သွင်းထားပါတယ်။ ကင်မရာ ၁ လုံးမှာ 100x စာသားရေးထိုးထားပြီး Periscope Telephoto Lens ဖြစ်နိုင်ပါတယ်။

ဝီဘိုမှ နည်းပညာ လေ့လာဆန်းစစ်သူ ၁ ယောက်က Honor ရဲ့ ဂြိုလ်တု ဆက်သွယ်ရေးကို Huawei Mate 60 Pro နဲ့ နှိုင်းယှဉ်ထားပြီး Magic 6 Pro က ပိုမို ကောင်းမွန်တယ်လို့ ပြောထားပါတယ်။

Magic 6 Pro ရဲ့ ဂြိုလ်တု ဆက်သွယ်ရေးဟာ Huawei Mate 60 Pro ထက် ပိုမို မြန်ပြီး ဆက်သွယ်မှု မလုပ်ခင်မှာ သီးခြားတိုက်ရိုက် တိုင်းတာမှု မလိုပါဘူး။ ဒါ့အပြင် Honor ဖုန်းဟာ ပိုမိုကြာရှည်စွာ ဖုန်းပြောနိုင်ပြီး ၅ မိနစ်အထက် ပြောနိုင်ပါတယ်။ Huawei ဖုန်းမှာတော့ အဲဒီလောက်ကြာကြာ မပြောနိုင်ပါဘူး။

မကြာခင်က Magic 6 Series ရဲ့ ကင်မရာ သတင်းအချက်အလက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ Magic 6 နဲ့ Magic 6 Pro မှာ 50MP OmniVision OV50H Main ကင်မရာ၊ 50MP OV50M Ultrawide ကင်မရာတွေ ပါလာမှာပါ။ Telephoto အတွက် Magic 6 မှာ 50MP OV50M ကင်မရာနဲ့ Pro မှာ Samsung HP3 ကင်မရာ တပ်ဆင်ထားမှာပါ။

Ref : gizmochina