Honor က Magic V Flip အမည်ရ ကုမ္ပဏီရဲ့ ပထမဆုံး Clamshell Foldable ကို ကြေညာလိုက်ပါတယ်။ ကြီးမားတဲ့ 4” LTPO OLED Cover Screen တပ်ဆင်ထားတာက ထူးခြားပါတယ်။ 1092x1200p Resolution (405 ppi) , 120Hz Adaptive Refresh Rate နဲ့ 1,600 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Always on Display Mode ထည့်သွင်းထားပြီး Full Screen App တွေကို အသုံးပြုနိုင်ပါတယ်။

Honor Magic V Flip is here with 4” cover screen, SD 8+ Gen 1 - GSMArena.com  news

ပင်မ Display က 6.8” LTPO OLED FHD+ ဖြစ်ပြီး 120Hz Adaptive Refresh Rate , 3,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ ဖုန်းကို ခေါက်ထားရင် အထူက ၁၄.၈၉ မီလီမီတာနဲ့ဖြန့်ထားရင် ၇.၅ မီလီမီတာ ရှိပါတယ်။

HonorMagic V Flip is here with 4” cover screen, SD 8+ Gen 1 and 66W charging

Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 16GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပါတယ်။ 50MP Main (OIS), 12MP Ultrawide (Macro လိုလည်း သုံးနိုင်) ကင်မရာတွေကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ အရှေ့ ကင်မရာက 50MP ဖြစ်ပါတယ်။

Honor Magic V Flip is here with 4” cover screen, SD 8+ Gen 1 - GSMArena.com  news

Android 14 အခြေပြု MagicOS 8.0 မောင်းနှင်ထားပြီး 66W Fast Charging ထောက်ပံ့တဲ့ 4,800mAh Battery ပါပါတယ်။ Black, Camellia White နဲ့ Champagne Pink အရောင်တွေ ထုတ်လုပ်ထားပြီး 12/256GB ကို ၆၉၀ ဒေါ်လာနဲ့ 16GB/1TB ကို ၈၂၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Honor က တရုတ် ပြင်ပမှာ ရောင်းမယ့် သတင်းကို မပြောသေးပါဘူး။

Ref : gsmarena