Honor က Magic V3 Foldable ဖုန်းကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် Specs တွေ ထည့်သွင်းထားပါတယ်။ Honor က Magic V3 ကို အရင်မျိုးဆက်ထက် ပိုမို ပေါ့ပါးအောင် ပြုလုပ်ထားပြီး ခေါက်ချိုးထားရင် အထူက ၉.၂ မီလီမီတာ နဲ့ ဖြန့်ထားရင် ၄.၃၅ မီလီမီတာ ရှိပါတယ်။ အလေးချိန်က ၂၂၆ ဂရမ်ပဲ ရှိပါတယ်။

Honor Magic V3 debuts with a slimmer and lighter body, SD 8 Gen 3 and 55W wireless charging

အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ Island ထည့်သွင်းထားပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ IPX8 စံနှုန်း ပါလာပြီး ရေအနက် ၂.၅ မီတာအထိ အသုံးပြုနိုင်ပါတယ်။

Display အကြောင်းပြောရရင် 6.43” Main Screen ပါလာပြီး FHD+ Resolution ထောက်ပံ့ထားပါတယ်။ အတွင်းဘက်မှာ 7.92” 2344x2156p Display ထည့်သွင်းထားပါတယ်။ Display ၂ ခုစလုံးဟာ 120Hz LTPO Refresh Rate , 5,000 Nits Peak Brightness , Dolby Vision , HDR Vivid ထောက်ပံ့ထားပြီး Stylus နဲ့ အသုံးပြုနိုင်ပါတယ်။

Honor Magic V3 debuts with a slimmer and lighter body, SD 8 Gen 3 and 55W wireless charging

အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 50MP Main (OIS), 40MP Ultrawide Angle နဲ့ 50MP Periscope Telephoto တွေ ဖြစ်ပါတယ်။ အတွင်းဘက်မှာ 20MP ကင်မရာ ထည့်သွင်းထားပါတယ်။

Honor Magic V3 debuts with a slimmer and lighter body, SD 8 Gen 3 and 55W wireless charging

Snapdragon 8 Gen 3 Chip မောင်းနှင်ထားပြီး 16GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပါတယ်။ 66W Wired, 50W Wireless Charging ထောက်ပံ့တဲ့ 5,150mAh Battery ပါလာပြီး AI Features တွေ ပါတဲ့ MagicOS 8 ပါပါတယ်။ ဖုန်းလိုင်း မမိတဲ့ အချိန်မှာ စာပို့နိုင်တဲ့ ဂြိုလ်တု ဆက်သွယ်ရေး ထည့်သွင်းထားပါတယ်။

Honor Magic V3 debuts with a slimmer and lighter body, SD 8 Gen 3 and 55W wireless charging

Honor Magic V3 ရဲ့ 12/256GB ကို ၁,၂၄၀ ဒေါ်လာ၊ 16/512GB ကို ၁,၃၈၀ ဒေါ်လာနဲ့ 16GB/1TB ကို ၁,၅၁၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Silk Road Dunhuang (brown), Qilian Snow (white), Tundra Green နဲ့ Velvet Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina