Honor Magic V3 ကို နိုင်ငံတကာအတွက် IFA Berlin 2024 မှာ ကြေညာမှာ ဖြစ်ပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ ပုံမှန်မဟုတ်တဲ့ ကမ္ဘာ့ စံချိန် တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ Honor က ဂင်းနစ် ကမ္ဘာ့ စံချိန် ပိုင်ရှင် Bryan Berg နဲ့ ပူးပေါင်းကာ ဖဲချပ်တွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ပေါ်မှာ Magic V3 ကို တင်ထားခြင်းဖြင့် ဖုန်းရဲ့ ပေါ့ပါးမှုကို ပြသခဲ့ပါတယ်။
အဲဒီ ဖဲချပ် အိမ်ကို တည်ဆောက်ဖို့ Berg ဟာ အချိန် ၈ နာရီ ကြာမြင့်ခဲ့ပါတယ်။ အထပ် ၅၄ ထပ် ရှိပြီး ကော် မသုံးဘဲ ဖဲချပ်တွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
Magic V3 ရဲ့ အလေးချိန်ဟာ ၂၂၆ ဂရမ်ပဲ ရှိပြီး Foldable ဖုန်း ၁ လုံးအတွက် အလွန် ပေါ့ပါးပါတယ်။ ပြိုင်ဖက် Samsung Galaxy Z Fold 6 ဟာ ၂၃၉ ဂရမ် အလေးချိန် ရှိပါတယ်။
Magic V3 ဟာ ကမ္ဘာ့ အပါးလွှာဆုံး Foldable ဖုန်း ဖြစ်ပြီး ခေါက်ချိုးထားရင် အထူက ၉.၂ မီလီမီတာပဲ ရှိပါတယ်။ Samsung Galaxy Z Fold 6 ကတော့ ခေါက်ချိုးထားရင် အထူက ၁၂.၁ မီလီမီတာ ရှိပါတယ်။
ကမ္ဘာ့ စံချိန်တင်တဲ့ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။
Ref : gizmochina