Honor က Magic V3 ထက် တန်ဖိုးနည်းတဲ့ Magic Vs3 Foldable ဖုန်းကို ကြေညာလိုက်ပါတယ်။ အထူက ခေါက်ချိုးထားရင် ၉.၈ မီလီမီတာနဲ့ ဖြန့်ထားရင် ၄.၆၅ မီလီမီတာ ရှိပါတယ်။ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပြီး အလေးချိန်က ၂၂၉ ဂရမ် ရှိပါတယ်။

Honor Magic Vs3 debuts: 0.6mm thicker than the Magic V3, cheaper -  GSMArena.com news

အတွင်းဘက် Folding Screen က 7.92” 2344x2156p Resolution ဖြစ်ပြီး Cover Display က 6.43” 1060x2376p Resolution ဖြစ်ပါတယ်။ Display ၂ ခုစလုံးမှာ 3840Hz PWM Dimming နဲ့ Eye Protection Mode ပါပါတယ်။

Honor quietly reveals Magic Vs3 ahead of full launch

Magic Vs3 မှာ Android 14 အခြေပြု MagicOS 8 မောင်းနှင်ထားပါတယ်။ 50MP Main, 40MP Ultrawide နဲ့ 8MP Periscope Telephoto (5x Optical Zoom) ကင်မရာ ၃ လုံးကို အနောက်ဘက်နဲ့ 16MP ဆဲလ်ဖီး ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ 66W Wired , 50W Wireless Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။

12/256GB ကို ၉၆၅ ဒေါ်လာ၊ 12/512GB ကို ၁,၀၆၀ ဒေါ်လာနဲ့ 16GB/1TB ကို ၁,၂၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Velvet Black, Qilian Snow နဲ့ Tundra Green အရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena