Honor Play ဖုန္းေတြကို ႏုိင္ငံတကာ ေစ်းကြက္အတြက္ ေၾကျငာေပးခဲ့ျပီးတဲ့ေနာက္ Huawei Honor အမွတ္တံဆိပ္ရဲ႕ အၾကီးအကဲ George Zhao ဟာ Honor Magic ဖုန္းရဲ႕ ဒုတိယမ်ဳိးဆက္ကို အၾကမ္းဖ်င္း မိတ္ဆက္သြားခဲ့ပါတယ္။ မူရင္း Honor Magic ဖုန္းကို ၂၀၁၆ ဒီဇင္ဘာမွာ မိတ္ဆက္ခဲ့ျပီး သူ႕ရဲ႕ မ်ဳိးဆက္သစ္ကို အခုမွ တစ္ခါျပန္ မိတ္ဆက္လာတာပါ။
အဆုိပါ ဖုန္းအသစ္ကိုေတာ့ Magic 2 လို႔ပဲ နာမည္ေပးထားျပီး သူ႕ရဲ႕ Key Feature အခ်ဳိ႕ကိုပဲ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ အျမင္သာဆုံး Feature အသစ္ကေတာ့ FullView Display ပါပဲ။ နာမည္နဲ႔ လိုက္ေအာင္ ေရွ႕ဘက္မ်က္ႏွာျပင္မွာ ကင္မရာအတြက္ ေနရာေတြ၊ ေဘးေဘာင္ေတြ၊ ေအာက္က လက္ႏွိပ္စရာ ေနရာေတြ ဘာမွမပါဘဲ တကယ့္ကို Display သက္သက္ၾကီး ျဖစ္ပါတယ္။ ပုံမွာ ျမင္ရတဲ့အတုိင္းပဲ ေရွ႕ဘက္ ဆယ္လ္ဖီ ကင္မရာေတာင္မွ မပါလာပါဘူး။
ေနာက္ဘက္ကင္မရာေတြအတြက္လည္း ဘာမွမသိရေသးဘဲ၊ ဆြဲဖြင့္ရတဲ့ Slider မွာပဲ ပါလာမလား ပုံမွန္အတုိင္း ေနာက္ေက်ာဘက္မွာ တပ္လာမလားဆုိတာ မေသခ်ာေသးပါဘူး။ မိတ္ဆက္စဥ္မွာ Slider ကုိ လက္နဲ႔ ဆြဲဖြင့္ခဲ့ျပီး အလုိအေလ်ာက္ပြင့္မလာခဲ့တာကို ေတြ႕ရပါတယ္။ ဒါဟာ ဖုန္းရဲ႕ အေစာပုိင္းထုတ္လုပ္မႈ အဆင့္မွာပဲ ရွိေသးလို႔လား၊ ဒါမွမဟုတ္ Honor က မတူတာတစ္ခု လုပ္ျပမွာလား ဆုိတာ ေစာင့္ၾကည့္ရမွာပါ။
ဒါ့အျပင္ Magic 2 မွာ အလြန္လွ်င္ျမန္တဲ့ Magic Charge အားသြင္းစနစ္နဲ႔ လာမွာျဖစ္ျပီး အားသြင္းစနစ္ကို 15-Layer ကာကြယ္မႈစနစ္ အသုံးျပဳထားတာေၾကာင့္ ျမန္ဆန္စြာ အားသြင္းျခင္းကို ေဘးကင္းေစမွာ ျဖစ္တယ္လို႔ ဆုိပါတယ္။ အားသြင္းစနစ္ရဲ႕ အဓိကေနရာ သုံးခုကို အလိုအေလ်ာက္ သိမွတ္ေပးတဲ့ စနစ္လည္း ပါဝင္တယ္။
ပုိထူးျခားတာ ေနာက္တစ္ခုက ဒီဟန္းဆက္ကို အခုခ်ိန္ထိ မထုတ္ျပရေသးတဲ့ Huawei ရဲ႕ HiSilicon Kirin 980 Chipset အသစ္ အသုံးျပဳလာမွာျဖစ္ျပီး သိသာစြာတုိးျမွင့္ထားတဲ့ AI စနစ္ေၾကာင့္ အေကာင္းဆုံး AI ဟန္းဆက္ ျဖစ္လာမယ္လို႔ ဆုိပါတယ္။ လက္ရွိမွာ ထုတ္လုပ္ေနဆဲ အဆင့္လုိ႔ ယုံၾကည္ရတဲ့အတြက္ က်န္တဲ့ အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ Honor Magic ကုိ ၂၀၁၆ ဒီဇင္ဘာလမွာ ထုတ္လုပ္ခဲ့ျပီး အခုခ်ိန္ထိဆုိ ႏွစ္ႏွစ္ေတာင္ ၾကာျမင့္ေနျပီ ျဖစ္တဲ့အတြက္ Magic 2 ကုိလည္း ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာေလာက္မွာ ေရာက္လာမယ္လို႔ ခန္႔မွန္းရပါတယ္။
Ref – https://www.gsmarena.com/honor_teases_the_honor_magic_2_with_slideout_cameras_and_fullview_display-news-33018.php
Unicode
Honor Play ဖုန်းတွေကို နိုင်ငံတကာ ဈေးကွက်အတွက် ကြေငြာပေးခဲ့ပြီးတဲ့နောက် Huawei Honor အမှတ်တံဆိပ်ရဲ့ အကြီးအကဲ George Zhao ဟာ Honor Magic ဖုန်းရဲ့ ဒုတိယမျိုးဆက်ကို အကြမ်းဖျင်း မိတ်ဆက်သွားခဲ့ပါတယ်။ မူရင်း Honor Magic ဖုန်းကို ၂၀၁၆ ဒီဇင်ဘာမှာ မိတ်ဆက်ခဲ့ပြီး သူ့ရဲ့ မျိုးဆက်သစ်ကို အခုမှ တစ်ခါပြန် မိတ်ဆက်လာတာပါ။
အဆိုပါ ဖုန်းအသစ်ကိုတော့ Magic 2 လို့ပဲ နာမည်ပေးထားပြီး သူ့ရဲ့ Key Feature အချို့ကိုပဲ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အမြင်သာဆုံး Feature အသစ်ကတော့ FullView Display ပါပဲ။ နာမည်နဲ့ လိုက်အောင် ရှေ့ဘက်မျက်နှာပြင်မှာ ကင်မရာအတွက် နေရာတွေ၊ ဘေးဘောင်တွေ၊ အောက်က လက်နှိပ်စရာ နေရာတွေ ဘာမှမပါဘဲ တကယ့်ကို Display သက်သက်ကြီး ဖြစ်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်းပဲ ရှေ့ဘက် ဆယ်လ်ဖီ ကင်မရာတောင်မှ မပါလာပါဘူး။
နောက်ဘက်ကင်မရာတွေအတွက်လည်း ဘာမှမသိရသေးဘဲ၊ ဆွဲဖွင့်ရတဲ့ Slider မှာပဲ ပါလာမလား ပုံမှန်အတိုင်း နောက်ကျောဘက်မှာ တပ်လာမလားဆိုတာ မသေချာသေးပါဘူး။ မိတ်ဆက်စဉ်မှာ Slider ကို လက်နဲ့ ဆွဲဖွင့်ခဲ့ပြီး အလိုအလျောက်ပွင့်မလာခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ဖုန်းရဲ့ အစောပိုင်းထုတ်လုပ်မှု အဆင့်မှာပဲ ရှိသေးလို့လား၊ ဒါမှမဟုတ် Honor က မတူတာတစ်ခု လုပ်ပြမှာလား ဆိုတာ စောင့်ကြည့်ရမှာပါ။
ဒါ့အပြင် Magic 2 မှာ အလွန်လျှင်မြန်တဲ့ Magic Charge အားသွင်းစနစ်နဲ့ လာမှာဖြစ်ပြီး အားသွင်းစနစ်ကို 15-Layer ကာကွယ်မှုစနစ် အသုံးပြုထားတာကြောင့် မြန်ဆန်စွာ အားသွင်းခြင်းကို ဘေးကင်းစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အားသွင်းစနစ်ရဲ့ အဓိကနေရာ သုံးခုကို အလိုအလျောက် သိမှတ်ပေးတဲ့ စနစ်လည်း ပါဝင်တယ်။
ပိုထူးခြားတာ နောက်တစ်ခုက ဒီဟန်းဆက်ကို အခုချိန်ထိ မထုတ်ပြရသေးတဲ့ Huawei ရဲ့ HiSilicon Kirin 980 Chipset အသစ် အသုံးပြုလာမှာဖြစ်ပြီး သိသာစွာတိုးမြှင့်ထားတဲ့ AI စနစ်ကြောင့် အကောင်းဆုံး AI ဟန်းဆက် ဖြစ်လာမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ထုတ်လုပ်နေဆဲ အဆင့်လို့ ယုံကြည်ရတဲ့အတွက် ကျန်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ Honor Magic ကို ၂၀၁၆ ဒီဇင်ဘာလမှာ ထုတ်လုပ်ခဲ့ပြီး အခုချိန်ထိဆို နှစ်နှစ်တောင် ကြာမြင့်နေပြီ ဖြစ်တဲ့အတွက် Magic 2 ကိုလည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလောက်မှာ ရောက်လာမယ်လို့ ခန့်မှန်းရပါတယ်။